spot_img

နယူးကာဆယ်အသင်း၏ နည်းပြသစ်ဖြစ်လာရန် လူစီယန်ဖာ ရေပန်းအစားဆုံးဖြစ်နေ

ဒေါ့မွန်နည်းပြဟောင်း လူစီယန်ဖာသည် နယူးကာဆယ်အသင်း၏ နည်းပြသစ်ဖြစ်လာရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

နယူးကာဆယ်အသင်းကို ဆော်ဒီအိမ်ရှေ့မင်းသား ဦးဆောင်သည့် PIF ကုမ္ပဏီက ဝယ်ယူခဲ့ပြီးနောက် လက်ရှိနည်းပြ စတိဗ်ဘရုစ်ကို ရာထူးမှ ထုတ်ပယ်၍ နည်းပြသစ် အပြောင်းအလဲပြုလုပ်တော့မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

myan789

ယင်းအတွက် အလေးပေးမှုများလည်း ထွက်ပေါ်လာရာ ဒေါ့မွန်နည်းပြဟောင်း လူစီယန်ဖာက ရေပန်းအစားဆုံးဖြစ်နေခြင်းဖြစ်သည်။

နယူူးကာဆယ်အသင်းသည် ကစားသမားပိုင်း အားဖြည့်ပြင်ဆင်မှုကို ဇန်နဝါရီလမှ ပြုလုပ်နိုင်မည်ဖြစ်သော်လည်း နည်းပြအပြောင်းအလဲကိုမူ အမြန်ဆုံးပြုလုပ်သွားဖွယ်ရှိနေပြီး လက်ရှိနည်းပြ စတိဗ်ဘရုစ်အနေဖြင့် လာမည့်ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာပင် ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု ထင်ကြေးပေးမှုများလည်း ရှိနေသည်။

သို့သော် နယူးကာဆယ်အသင်းတာဝန်ရှိသူများသည် အသင်းကို အချိန်တိုအတွင်း အင်အားကြီး အသင်းတစ်သင်းအဖြစ် ပြုပြင်တည်ဆောက်သွားရန် ရည်ရွယ်ထားခြင်းကြောင့် နည်းပြသစ်ခန့်အပ်ရာတွင် ယခုရာသီတစ်ခုစာအတွက်သာမက အနာဂတ်အတွက်ပါ စဉ်းစားသွားဖွယ်ရှိနေသည်။

ထို့ကြောင့် အသင်းသစ်များအား အချိန်တိုအတွင်း အကောင်းဆုံးပုံဖော်နိုင်စွမ်းရှိသည့် နည်းပြများကို အဓိကပစ်မှတ်ထားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

လူစီယန်ဖာသည် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလက ဒေါ့မွန်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေခြင်းကြောင့်လည်း နယူးကာဆယ်နည်းပြဖြစ်လာရန် ပိုမိုရေပန်းစားနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ချယ်လ်ဆီးနှင့် အင်တာမီလန်နည်းပြဟောင်း ကွန်တီမှာလည်း ဒုတိယရေပန်းအစားဆုံးဖြစ်နေသည်။

အသင်းလက်မဲ့ဖြစ်နေသည့် ကွန်တီက နယူးကာဆယ်အသင်းကို ကိုင်တွယ်ရန် စိတ်ဝင်စားနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular