spot_img

နယူးကာဆယ်အသင်းကိုဆော်ဒီကုမ္ပဏီက ဝယ်ယူပြီးနောက် ထုတ်ပယ်ခံရမည်ကို စိုးရိမ်ဟု နည်းပြ စတိဗ်ဘရုစ် ဝန်ခံ

နယူးကာဆယ်အသင်းကို ဆော်ဒီရင်းနှီး မြှုပ်နှံမှုကုမ္ပဏီက ဝယ်ယူခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရမည်ကို စိုးရိမ်ကြောင်း နည်းပြဖြစ်သူ စတိဗ်ဘရုစ်က ဝန်ခံပြောကြားခဲ့သည်။

ဆော်ဒီ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (PIF) က ဦးဆောင်သည့် PCP Capital Partners ကုမ္ပဏီသည် နယူးကာဆယ်အသင်းအား ဝယ်ယူရန် ပြီးခဲ့သည့်နှစ်ကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ဝေဖန်ကန့်ကွက်မှုများကြောင့် ပျက်ပြယ်ခဲ့ရသော်လည်း ကြာသပတေးနေ့တွင် အပြီးသတ်သဘောတူညီမှုရရှိခဲ့သည်။

myan789

ပေါင် ၃၂၀ ဘီလျံအထိ ပိုင်ဆိုင်သည့် PIF အနေဖြင့် နယူးကာဆယ်အသင်း၏ ရှယ်ယာရာခိုင်နှုန်း ၈၀ ကို ပေါင် ၃၀၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဘောလုံးကလပ်အသင်းပိုင်ရှင်များအနက် အချမ်းသာဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ ၎င်းတို့အနေဖြင့် နယူးကာဆယ်အသင်းအား မန်စီးတီး၊ PSG တို့ကဲ့သို့ ငွေကြေအင်အားဖြင့် ဥရောပအင်အားကြီးအသင်းဖြစ်လာစေရန် ရည်မှန်းထားရာ စတိဗ်ဘရုစ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

“အသင်းကိုကျွန်တော် ဆက်ပြီးတာဝန်ယူခွင့်ရချင်ပါတယ်။ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ အသင်းပိုင်ရှင်သစ်တွေကိုပြဖို့ အခွင့်အရေး ရချင်ပါတယ်။ ဒါပေမဲ့ လက်တွေ့ဆန်ဖို့တော့ လိုပါတယ်။ သူတို့ (ပိုင်ရှင်သစ်) တွေကတော့ မန်နေဂျာသစ်ကို မိတ်ဆက်ဖို့ ဆန္ဒရှိကြမှာပေါ့။ ပုံမှန်ဆိုရင်တော့ ပိုင်ရှင်သစ်တွေက မန်နေဂျာသစ် ခန့်ချင်ကြတယ်။ ကျွန်တော်က ဒီလောကထဲကျင်လည်လာတာကြာပြီမို့ ဒါကို နားလည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular