spot_img

နယူးကာဆယ်အနေဖြင့် ဘောလုံးလောကကို လွှမ်းမိုးလာနိုင်မည်ဖြစ်သော်လည်း ငွေကြေးဖြင့် အရာအားလုံးကို ဝယ်ယူ၍မရဟု ကလော့ပ် သတိပေး

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က နယူးကာဆယ်အသင်း၏ ငွေကြေးအင်အားကြီးထွားလာမှုကြောင့် ၎င်းတို့အနေဖြင့် ဘောလုံးလောကကို လွှမ်းမိုးလာနိုင်မည်ဖြစ်သော်လည်း ငွေကြေးဖြင့် အရာရာကို ဝယ်ယူ၍ မရကြောင်း သတိပြောကြားခဲ့သည်။

နယူးကာဆယ်အသင်း၏ရှယ်ယာ ရာခိုင်နှုန်း ၈၀ ကို ဆော်ဒီအိမ် ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဆော်ဒီပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (PIF) ကုမ္ပဏီက ပေါင် ၃၀၅ သန်းဖြင့် ဝယ်ယူရန် အောက်တိုဘာ ၇ ရက်တွင် သဘောတူညီမှု ရရှိထားသည်။

myan789

ဆော်ဒီနိုင်ငံအနေ ဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ စွာ ပြုလုပ်နေကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်လျက်ရှိသလို ၂၀၁၈ ခုနှစ်က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးသို့ ဝင်ရောက်သွားပြီး နောက် ပျောက်ဆုံးသွားသည့် သတင်းထောက် ခါရှော့ဂီ သေဆုံးမှုအတွက် ဘင်ဆယ်လ်မန်မှာ အဓိကတာဝန်ရှိသူဖြစ်ကြောင်း စွပ်စွဲမှုများ ရှိနေသည်။ ထို့ပြင် နယူးကာဆယ်အသင်း အနေဖြင့် လာမည့် ဇန်နဝါရီမှာပင် ငွေကြေးသုံးစွဲမှုပြုလုပ်ရန် ပြင်ဆင် ထားပြီး နှစ်အနည်းငယ်အတွင်း ဥရောပထိပ်တန်းကလပ်ဖြစ်လာရန်နှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ရန် ရည်မှန်းထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ယင်းအခြေအနေနှင့်ပတ်သက် ၍ ယာဂန်ကလော့ပ်က “နယူးကာဆယ်အသင်းက ဘောလုံးလောကရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ဖို့ အတွက် အာမခံချက်ရှိသွားပါပြီ။ ဆော်ဒီအာရေဗျမှာရှိတဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေက ထင်မြင်ချက် နှစ်ခုဖြစ်စရာမရှိပါဘူး။ ဒါက မေးခွန်းထုတ်စရာမလိုပါဘူး။ ဒီလိုစိုးရိမ်ပူပန်စရာတွေ အများကြီးရှိနေပေမဲ့ ဘယ်လိုလုပ်ပြီး ခွင့်ပြုချက်ရသွားလဲဆိုတာ စဉ်းစားလို့မရပါဘူး။ ဘောလုံးအကြောင်းပဲ ကျွန်တော်တို့ပြောရမယ်ဆိုရင် ရေရှည်မှာ သူတို့က စူပါပါ၀ါဖြစ်လာတော့မယ်ဆိုတာ သေချာပါတယ်။ ရစ်ချက်မာစတာ (ပရီးမီးယားလိဂ်အမှုဆောင်ချုပ်) ဒါမှမဟုတ် တစ်စုံတစ်ယောက်ဆီကနေ တရားဝင်ထုတ်ပြန်ချက်ရမယ့် အချိန်ကို ကျွန်တော်စောင့်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့ အခွင့်အရေးနဲ့ပတ်သက်တဲ့ကိစ္စတွေက အာရုံစိုက်စရာဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိထားပြီးသားပါ။ ဒီနေရာမှာ ကျွန်တော်တို့ တွေးထားတာတွေက အားလုံးအတူ တူဖြစ်မယ်ဆိုတာ လုံးဝသေချာတယ်လို့ ထင်ပါတယ်။ အဲဒါက ဘောလုံးအတွက်ရော ဘယ်လိုအဓိပ္ပာယ်မျိုး ဖြစ်စေလဲ။ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ကလပ်အသင်းတွေက စူပါလိဂ်တည်ထောင်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ ပြဿနာကြီးတစ်ခုရှိခဲ့တယ်။ အဲဒီဟာက တကယ်တော့ ဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့ အခုဟာကလည်း စူပါအသင်းတစ်သင်း ဖန်တီးနေတာပါ။ ဒီနှစ်ခုက တော်တော်လေးဆင်တူပါတယ်။ ချက်ချင်းမဟုတ်ပေမဲ့ နှစ် အနည်းငယ်ကြာတဲ့အခါ သူတို့က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာမခံချက်ရှိတဲ့အခြေအနေ ဖြစ်လာလိမ့်မယ်။ နယူးကာဆယ်ပရိသတ်တွေကတော့ ဒါကို သဘောကျမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးအတွက်ကတော့ နယူးကာဆယ်ဆီမှာ စူပါပါ၀ါအသစ်တစ်ခုရှိနေပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ငွေကြေးက အရာရာကို မဝယ်နိုင်ဘူးဆိုပေမဲ့ အချိန်ကြာတာနဲ့အမျှ သူတို့ဆီမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်နည်းနည်းချဖို့ ငွေကြေးရှိနေမယ်၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့လည်း ငွေကြေးအလုံအလောက်ရှိနေမှာပါ။ အဲဒီအခါကျရင် သူတို့ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ကမူ ဆော်ဒီ အစိုးရ၏ ထိန်းချုပ်မှုမရှိစေရန် ခိုင်လုံသည့် အာမခံချက်ရရှိထားကြောင်း ထုတ်ပြန်ထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular