ဧပြီ ၂ ရက်နေ့ နယူးကာဆယ်အိမ်ကွင်းမှာ သွားကန်မယ့်ပွဲမှာ ဘရာဇီးလ်အသင်းဖော် (ကွင်းလယ်ကစားသမား) ကာစီမီရို မပါတာကြောင့် မန်ယူကွင်းလယ်ကစားသမား ဖရက်ဒ် ရဲ့ အခန်းကဏ္ဍဟာ ပိုလိုတောင် အရေးကြီးတယ်လို အင်္ဂလန်ဘောလုံးသမားဟောင်း (ကွင်းလယ်ကစားသမား) Adrian Clarke က ပြောပါတယ်။
ကာစီမီရို ရဲ့ ယခုနောက်ဆုံးဆိုင်းငံ့ခံရမှုဟာ မန်ယူအတွက်ပြင်းထန်တဲ့ထိုးနှက်ချက်ဖြစ်ပေမဲ့လည်း ဖရက်ဒ်က ကွက်လပ်ဖြည့်ဖို အရှိန် မြှင့်နိုင်ပါတယ်။ ဧပြီ ၂ ရက်နေ့ ပွဲစဉ် မတိုင်ခင် ဗဟို ကွင်းလယ် မှာ ရွေးချယ်ခွင့် အနည်းငယ်သာ ရှိတဲ့ နည်းပြ အဲရစ် တန်ဟက် ဟာ အသက် ၃၀ နှစ်ရှိ ကစားသမား ဖရက်ဒ် ကို အားကိုးရမှာ ဖြစ်ပါတယ်။
ဖရက်ဒ် ဟာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့သော်လည်း ယခုရာသီတွင် အံ့အားသင့်ဖွယ်ကောင်းနေခဲ့ပါတယ်။ သူသည် နယူးကာဆယ်ကွင်းလယ်ကစားသမား ဘရာဇီးလ်နိုင်ငံသားတွေဖြစ်တဲ့ Bruno Guimaraes နှင့် Joelinton တိုနဲ့ တိုက်ရိုက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်တွင် ဖရက်ဒ် က သူ့ရဲ့ကြိုးစားအားထုတ်မှုဟာ အိမ်ကွင်းအသင်းရဲ့အလေးသာမှုအခြေအနေမှာ အဆုံးအဖြတ်ပေးနိုင်ကြောင်းကို သိပါလိမ့်မယ်။
ဖရက်ဒ်က ပွဲတိုင်းမှာအကြိတ်အနယ် အစွမ်းကုန် ကြိုးစားပေးတဲ့ သဘာဝအတိုင်း ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ အခြားဗဟိုကွင်းလယ်ကစားသမား တွေနဲ့ နှိင်းယှဉ်ပါက သူဟာ အခြားသူများထက်သိသိသာသာ သာပါတယ်။
ဖရက်ဒ် က သူ့ဘေးမှာ ကာစီမီရိုမပါဘဲ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ဖေဖော်ဝါရီတွင် လိဒ်ယူနိုက်တက်ကို ၂-၀ ဖြင့် အနိုင်ရခဲ့တဲ့ပွဲတွင် စတင်ခဲ့ခြင်းဖြစ်ပါတယ်။ အထူးသဖြင့် သူဟာ ထိုနေ့တွင် ထူးချွန်ခဲ့ပါတယ်။ သူဟာ လုခ်ရှော အတွက် အလွန်ကောင်းမွန်စွာ ကာထားပြီး St James’ Park ကွင်းတွင် အသုံးဝင်နိုင်ပါတယ်။ ဒါပေမဲ့ ကာစီမီရို မပါဘဲ၊ ခက်ခဲတဲ့အဝေးကွင်းပွဲစဉ်မှာ၊ ဒါဟာ ဖရက်ဒ်အတွက် အဓိကအာရုံစိုက်စရာဖြစ်နိုင်ပါတယ်။
ဖရက်ဒ်ကို လူအချိုက ခေတ်မမီဟု ယူဆနိုင်သော်လည်း၊ အထူးသဖြင့် အဆိုပါဧပြီ ၂ ရက်နေ့ပွဲတွင် မန်ယူအသင်းမှာ သူ့အရေးပါမှုကို အသိအမှတ်ပြုခံရမှာဖြစ်ပါတယ်။