spot_img

နယူးကာဆယ်နဲ့ သရေကျခဲ့တဲ့ ပွဲမှာ ကွင်းထဲ ပျောက်ဆုံးနေတဲ့ လီဗာပူး ကစားသမားကို ပြောပြလိုက်တဲ့ ပီတာခရောက်ချ်

ပီတာခရောက်ချ်က လီဗာပူး အသင်းဟာ မနေ့ညက နယူးကာဆယ် နဲ့ ဂိုးမရှိ သရေကျ ခဲ့တဲ့ ပွဲစဉ်မှာ အချိတ်အဆက်တွေ လွဲချော် နေခဲ့တယ်လို့ ခံစား မိနေပြီး တိုက်စစ်မှုး မိုဟာမက်ဆာလားဟာ ကွင်းထဲမှာ ပျောက်ဆုံး နေခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ အတွက် ကတော့ နောက်ထပ် စိတ်ပျက်စရာ ညတစ်ည ဖြစ်ခဲ့ပြီး ယာဂန်ကလော့ရဲ့ အသင်းဟာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ ရုန်းကန် နေရတဲ့ ဝက်ဘရွမ်း ၊ နယူးကာဆယ် တို့ကို ဆက်တိုက် သရေကျ ခဲ့ကာ ရမှတ်တွေ ဆုံးရှုံး ခဲ့ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ဘောက်ဆင်းဒေးက ဝက်ဘရွမ်းနဲ့ သရေကျ ခဲ့တဲ့ ရလဒ်ကနေ ရုန်းထွက် နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ၂၀၂၀ ခုနှစ်ရဲ့ နောက်ဆုံး ပွဲစဉ်မှာ စိန့်ဂျိမ်းပက်မှာ အနိုင် ရလဒ် ပုံမဖော် နိုင်ခဲ့ပါဘူး။ နယူးကာဆယ် ဂိုးသမား ကားလ်ဒါလိုးဟာ အဆိုပါ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး လီဗာပူး အသင်းရဲ့ အပိုင် အခွင့်အရေးတွေကို အကောင်းဆုံး လက်စွမ်းပြကာ ကာကွယ် ပေးခဲ့ ပါတယ်။

myan789

ဒီပွဲစဉ်ကို အဆုံးအဖြတ် ဖြစ်သွား စေခဲ့တာ ကတော့ ဆာလားပဲ ဖြစ်ပြီး အီဂျစ် လက်ရွေးစင်ဟာ ပထမပိုင်း နဲ့ ဒုတိယပိုင်းမှာ အကောင်းဆုံး အခွင့်အရေး တစ်ကြိမ်စီ ရခဲ့ပေမယ့်လည်း ဒါတွေကို ဖြုန်းတီး ပစ်ခဲ့ပါတယ်။ လီဗာပူး တိုက်စစ်မှုးဟောင်း ပီတာခရောက်ချ် ကတော့ နယူးကာဆယ် နဲ့ ပွဲစဉ်မှာ အီဂျစ် လက်ရွေးစင်ရဲ့ ကစားပုံကို စိတ်ပျက်လက်ပျက် ဖြစ်နေ ခဲ့ပါတယ်။

ခရောက်ချ်က “ရိုးရိုးသားသား ပြောရမယ် ဆိုရင် လီဗာပူးရဲ့ တိုက်စစ် ကစားပုံဟာ အချိတ်အဆက်တွေ လွဲချော် နေခဲ့ပြီး ထိရောက်မှု မရှိ ခဲ့ပါဘူး။ မာနေးဟာ ပထမပိုင်းမှာ ရုန်းကန် ခဲ့ရသလို ဆာလား ကလည်း တစ်ပွဲလုံး ကွင်းထဲမှာ ပျောက်ဆုံး နေခဲ့ ပါတယ်။ ဒါ့အပြင် နောက်ထပ် ပြောစရာ ဖြစ်ခဲ့တာ ကတော့ ဆာလားဟာ ဒီပွဲစဉ်ရဲ့ အကောင်းဆုံး အခွင့်အရေးကို ရခဲ့ ပေမယ့် အဆုံးသတ်ပိုင်းဟာ သူမဟုတ်တဲ့ အတိုင်း ပါပဲ။

ဒီလို အခွင့်အရေးမျိုး ၁၀ ကြိမ်မှာ ၉ ကြိမ်လောက်ကို တိုက်စစ်မှုး တော်တော်များများ ဝေ့ဝှက် ကန်သွင်းကြ ပါတယ်။ သူဟာ အဲဒီအချိန်မှာ လုံလောက်တဲ့ ဝေ့ဝိုက်မှု မရှိ ခဲ့တာကြောင့် ပထမ တစ်ကြိမ် ဂိုးသမား နဲ့ ထိခဲ့တဲ့ အပြင် ဒုတိယ တစ်ကြိမ်က ဘေးထွက် ခဲ့ပါတယ်။ အဆုံးသတ်ဟာ အနည်းငယ် ကသမ်းကယမ်း ဖြစ်ခဲ့ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

လီဗာပူး ကွင်းလယ်လူ ဂျိမ်းမီနာ ကလည်း နယူးကာဆယ် နဲ့ သရေ ကျခဲ့တဲ့ အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေ ခဲ့ပါတယ်။

မီနာက “ကျွန်တော်တို့ အဆုံးသတ်ပိုင်း တိကျမှု မရှိခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ကစားပုံဟာ အတော်ကောင်းပြီး ဝက်ဘရွမ်းနဲ့ ပွဲကလို ဒုတိယပိုင်းမျိုး မဖြစ်မခံ ခဲ့ပါဘူး။ ကျွန်တော်တို့ လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီး နိုင်ခဲ့သလို ခံစစ်ပိုင်း ကလည်း မာကျောမှု ရှိခဲ့ပါတယ်။ ပင်နယ်တီ ဧရိယာထဲ ကျလာတဲ့ အမြင့်ဘောတွေကို ကျွန်တော်တို့ အသာရအောင်လည်း လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ဂိုးသမား နဲ့ ခံစစ် ကောင်းမွန်မှု ၊ ကံဆိုးမှု နဲ့ ကျွန်တော်တို့ အခွင့်အရေးတွေကို ကောင်းကောင်း အသုံးမချ နိုင်မှုတွေဟာ ခြားနားချက်ကို ဖြစ်သွားစေ ခဲ့ပါတယ်။

ကျွန်တော်တို့ အခွင့်အရေး ဖန်တီးလာ နိုင်ခဲ့တာ ကတော့ တိုးတက်မှုပါ။ ကျွန်တော်တို့ဟာ တကယ့်ကို မာကျောတဲ့ အသင်း ၂ သင်းနဲ့ ရင်ဆိုင် ခဲ့ရပြီး ရမှတ်တွေ အတွက် အစွမ်းကုန် ကစား ခဲ့ပါတယ်။ ဒီပွဲမှာတော့ ကျွန်တော်တို့ရဲ့ ကစားပုံက ပိုကောင်းလာခဲ့ပြီး ကံမကောင်းစွာနဲ့ အနိုင် ၃ မှတ် အတွက် မလုံလောက်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီအတိုင်း ဆက်ကစား ရမှာပါ။ ဒီလိုသာ ကစားနိုင်ခဲ့မယ် ဆိုရင် များသောအားဖြင့် ကျွန်တော်တို့ အနိုင် ၃ မှတ် ရနိုင်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular