spot_img

နယူးကာဆယ်နည်းပြရာထူးအတွက် မော်ရင်ဟိုသာ အသင့်တော်ဆုံးဟု ဒန်နီမေးလ် ဆို

အင်္ဂလန်လက်ရွေးစင် နောက်ခံလူဟောင်း ဒန်နီမေးလ်က နယူးကာဆယ်နည်းပြရာထူးအတွက် အသင့်တော်ဆုံးမှာ လက်ရှိရိုးမားနည်းပြ မော်ရင်ဟိုသာ ဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

နယူးကာဆယ်အသင်းကို ဆော်ဒီအိမ်ရှေ့မင်းသား ဦးဆောင်သည့် PIF ကုမ္ပဏီက ဝယ်ယူခဲ့ပြီးနောက် လက်ရှိနည်းပြ စတိဗ်ဘရုစ်ကို ရာထူးမှ ထုတ်ပယ်၍ နည်းပြသစ် အပြောင်းအလဲပြုလုပ်တော့မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

myan789

ယင်းအတွက် အလေးပေးမှုများလည်း ထွက်ပေါ်လာရာ ဒေါ့မွန်နည်းပြဟောင်း လူစီယန်ဖာနှင့် အင်တာမီလန်နည်းပြဟောင်း ကွန်တီတို့ ရေပန်းအစားဆုံးဖြစ်နေသော်လည်း ဒန်နီမေးလ်က မော်ရင်ဟိုသာ အသင့်တော်ဆုံးဟု ဆိုခဲ့ခြင်းဖြစ်သည်။

ဒန်နီမေးလ်က “အသင်းတစ်သင်းကို ငွေကြေးနဲ့ တည်ဆောက်မယ်ဆိုရင် မော်ရင်ဟိုက အသင့်တော်ဆုံးလို့ ထင်ပါတယ်။ သူ့ကို လုံလောက်တဲ့ ငွေကြေးနဲ့ လုပ်ပိုင်ခွင့်ပေးလိုက်ရင် သူက ခင်ဗျားလိုချင်တဲ့ အောင်မြင်မှုကို အချိန်တိုအတွင်း ပြန်ယူပေးနိုင်တဲ့သူပါ။ ဒါကြောင့် နယူးကာဆယ်နည်းပြရာထူးအတွက် သူ့ထက် ပိုသင့်တော်တဲ့သူ ကျွန်တော် မတွေ့မိပါဘူး”ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် ၂၀၁၄ ခုနှစ်က ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ချ်၏ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ရာတွင် အချိန်တိုအတွင်း အောင်မြင်မှုများ ရယူပေးနိုင်ခဲ့သူလည်း ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular