spot_img

နည်းပြဘဝမှအနားမယူမီ သူ့ရဲ့အိပ်မက်အလုပ်တစ်ခုကို ပြောကြားလိုက်တဲ့ မော်ရင်ဟို

မော်ရင်ဟိုဟာ ၂၀၂၄ ခုနှစ် ဇွန်လတွင် တူရကီကလပ် ဖီနာဘာချီရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ နိုင်ငံအတွင်း ပရိတ်သတ်အများဆုံးအားပေးတဲ့ အသင်းဖြစ်ပေမယ့် ဥရောပရှိ အောင်မြင်ဆုံးအသင်းတွေကိုကာ ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုအဖို့ ဖီနာဘာချီဆိုတာ အဆင့်နိမ့်နေတာဖြစ်ပါတယ်။

သူဟာ ပေါ်တိုနှင့်အတူ ၂၀၀၄ ခုနှစ်တွင် ချန်ပီယံလိဂ်ဖလားရရှိခဲ့ပြီးနောက် နောက်နွေရာသီမှာ ချဲလ်ဆီးသို့ ပြောင်းသွားခဲ့ပါတယ်။

myan789

မော်ရင်ဟို ၂၀၀၅ နှင့် ၂၀၀၆ ခုနှစ်တွေမှာ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အင်တာမီလန်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။

မီလန်တွင် စီးရီးအေဖလား ဆက်တိုက်ရရှိခဲ့ပြီး၂၀၁၀ ခုနှစ်တွင် သမိုင်းဆုဖလား ၂ လုံးရရှိအောင် လုပ်နိုင်ခဲ့ကာ သူ့ရဲ့ ဒုတိယမြောက် ချန်ပီယံလိဂ်ဖလားကိုပါ ရရှိခဲ့ပါတယ်။

အဲ့ဒီနောက်သူ့ဟာ ကမ္ဘာ့အကြီးဆုံးကလပ်နှစ်ခုဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နှင့် ယူနိုက်တက်တို့ကို ကိုင်တွယ်ခဲ့ပြီး ချဲလ်ဆီးသို့ နောက်တစ်ကြိမ် ရောက်ရှိခဲ့သလို တော့တင်ဟမ်နှင့် ရိုးမားတို့ကိုပါ ကိုင်တွယ်ခဲ့တာလည်းဖြစ်ပါတယ်။

သို့သော်လည်း အသက် ၆၁ နှစ်အရွယ် နည်းပြအတွက် မရသေးတာ တစ်ခုဖြစ်ပါတယ်။

မော်ရင်ဟိုက ပေါ်တူဂီနည်းပြရာထူးအတွက် မျက်စိကျနေပါတယ်လို့ ချဲလ်ဆီးကစားသမားဟောင်း လီဘောင်ယာက ပြောပါတယ်။

“သူ ရီးရဲလ်မက်ဒရစ် သို့မဟုတ် ချဲလ်ဆီးမှာ ရှိစဉ်တုန်းက လော့စ်အိန်ဂျယ်လီစ်သို့ လာရောက်စဉ် အင်တာဗျူးခဲ့တာကို မှတ်မိနေပါသေးတယ်”

“နည်းပြဘဝအမှာ အလုပ်ချင်းဆုံးအရာတစ်ခုကတော့ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ နည်းပြပဲဖြစ်ပါတယ်လို့ သူက ဝန်ခံခဲ့ဖူးပါတယ်။ သူဟာ သူ့ရဲ့ပန်းတိုင်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ လီဘောင်ယာက ESPN သို့ ပြောပါတယ်။

I've been Portugal coach twice and it could be a third time. Then I'll take it, Mourinho said.

လက်ရှိပေါ်တူဂီနည်းပြကတော့ မာတီနက်ဇ်ဖြစ်သော်လည်း သူဟာ ယူရို ၂၀၂၄ တွင် အောင်မြင်မှုမရရှိခဲ့ကာ ပေါ်တူဂီဟာ ကွာတားဖိုင်နယ်တွင် ပြင်သစ်ကို ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

၂၀၂၄ မေလတွင် မော်ရင်ဟိုက အဆိုပါရာထူးကို အနာဂတ်တွင် ရယူလိုကြောင်း ပြောကြားခဲ့ပါတယ်။

“ဒါဟာ ပုံမှန်ပါပဲ” လို့ သူက Calciomercato.com သို့ Sports Korea မှတဆင့် ပြောကြားခဲ့ပါတယ်။

“ကျွန်တော်က အခွင့်အရေး ၂ ကြိမ်ရခဲ့သော်လည်း အချိန်ကိုက်တော့ မဟုတ်ခဲ့ပါဘူး။ နောက်ဆုံးကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တုန်းက စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ဟာ ရိုးမားမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ကျွန်တော် အမှားကျူးလွန်လိုက်တာပါ”

“ဘာကြောင့်လဲဆိုတော့ ပေါ်တူဂီဟာ အရမ်းကိုကောင်းတဲ့အသင်းဖြစ်ပြီး ထိပ်ဆုံး ၅ သင်းထဲက တစ်သင်းဖြစ်ပါတယ်။ ဒါပေမဲ့ ရိုးမားရော ပရိသတ်တွေနဲ့ပါ ကောင်းမွန်တဲ့ဆက်ဆံမှုရှိခဲ့ပြီး ဆုံးဖြတ်ချက်ကို မချချင်ခဲ့တာဖြစ်ပါတယ်”

“ပေါ်တူဂီနည်းပြရာထူး ၂ ကြိမ်လာခဲ့ပြီး တတိယအကြိမ်လည်းဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအခါမှာတော့ ကျွန်တော် ရယူသွားမှာပါ” လို့ မော်ရင်ဟိုက ပြောပါတယ်။

မော်ရင်ဟိုဟာ ဖီနာဘာချီနှင့်အတူ ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်းရှိနေပါတယ်။ စာချုပ်ကုန်တဲ့အထိ အစ္စတန်ဘူလ်မှာ နေမယ်ဆိုရင်တော့ ဇွန်လ ၁၁ ရက်မှာစတင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီကို ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular