မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ဘရာမောလိန်း ကွင်းထဲမှာ ခရစ် ဝိုင်ဒါ ဦးဆောင် ခဲ့တဲ့ ရှက်ဖီး ယူနိုက်တက် အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ရင်ဆိုင် ကစားခဲ့ရပြီး 2 – 3 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။ အဆိုပါ နိုင်ပွဲကြောင့် အခုတော့ ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယား အဆင့် 6 နေရာကို တက်လှမ်း သွားနိုင်ခဲ့ ပါပြီ ။
အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်းအတွက် ပွဲထွက် ကစားခွင့် ပိုင်ဆိုင် သွားခဲ့တဲ့ အကယ်ဒမီထွက် ဂိုးသမားလေး ဒင်းန် ဟန်ဒါဆန်ဟာ ပွဲချိန် 5 မိနစ်မှာပဲ အမှား ကျူးလွန် ခဲ့တဲ့ အတွက် အသင်းဟောင်းရဲ့ တိုက်စစ်မှူး မက် ဂေါဒရစ် ကို လက်ဆောင်ဂိုး နဲ့ အတူ ဦးဆောင်ခွင့် ပေးဆောင် သွားခဲ့ရ ပါတယ် ။
ဒါပေမယ့် ပွဲချိန် 26 မိနစ် နဲ့ 34 မိနစ် တွေမှာ ရပ်ရှ်ဖို့ နဲ့ မာရှယ် တို့က တစ်ဂိုးစီ သွင်းယူခဲ့ ကြပြီး ပထမပိုင်းကို 1 – 2 ဆိုတဲ့ ရလဒ် နဲ့ ဦးဆောင် စေနိုင် ခဲ့ကြ ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်း 51 မိနစ် မှာလည်း ရပ်ရှ်ဖို့ ကပဲ နောက်ထပ် တစ်ဂိုး သွင်းယူရင်း အသင်းကို 2 ဂိုးပြတ် နဲ့ ဦးဆောင်ခွင့် ရရှိ သွားစေခဲ့ ပါတယ် ။
ဒါပေမယ့် ပွဲချိန် 87 မိနစ် မှာတော့ ရှက်ဖီး တို့ ရရှိ ခဲ့တဲ့ ထောင့်ကန်ဘော မှ တစ်ဆင့် တိုက်စစ်မှူး မက် ဂေါဒရစ် ကပဲ ခေါင်းတိုက်ဂိုး သွင်းယူ သွားခဲ့ပြီး 2 – 3 ဆိုတဲ့ ရလဒ်ကို ရယူ ပေးနိုင်ခဲ့ကာ ပွဲစဉ်ကို ဦးဆောင် နေခဲ့တဲ့ ယူနိုက်တက် တို့ကို ဖိအားပေး သွားနိုင်ခဲ့ ပါတယ် ။
ဒါပေမယ့် တစ်ကယ်တမ်း မှာတော့ အဲလက်စ် တဲလက်စ် ဘောလုံး ဖျက်ထုတ် လိုက်ချိန်မှာ ပြိုင်ဖက် ကစားသမားရဲ့ ခြေထောက် နဲ့ ဘောလုံး ထိခဲ့တဲ့ အတွက် ရှက်ဖီး ယူနိုက်တက် တို့ ထောင့်ကန်ဘော မရသင့်ခဲ့ ပါဘူး ။ ဒီနေရာမှာ ကွင်းလယ်ဒိုင် မှ VAR နဲ့ မစစ်ဆေး ခဲ့တာက ယူနိုက်တက်တို့ အတွက် နစ်နာစရာ ဖြစ်သွား ခဲ့ရ ပါတယ် ။
အဲ့ဒီနောက် မှာတော့ ယူနိုက်တက် တို့ဟာ ခံစစ် ကျစ်လျစ်စွာ ကစားရင်း ပြိုင်ဖက် အသင်းကို ထိုးဖောက် တိုက်စစ်ဆင်ဖို့ ၊ ဘောလုံး ကိုင်ကစားရင်း လက်ကျန် မိနစ် တွေကို ကုန်ဆုံး စေဖို့ ရည်ရွယ် ခဲ့ကြ ပါတယ် ။ အခြား တစ်ဖက် မှာတော့ ရှက်ဖီး အသင်း ကလည်း ဘောလုံး လုယူပြီး အချိန် မဆွဲပဲ တိုက်စစ်ဆင် ကစားဖို့ လောနေခဲ့ ပါတယ် ။
အဲ့ဒီလို အနေအထား တစ်ရပ်မှာ ရှက်ဖီး ကွင်းလယ်လူ အီသန် အမ်ပါဒူဟာ ဘောလုံး ဦးယူနိုင်ဖို့ ကြိုးစားခဲ့တဲ့ အနေအထား တစ်ရပ်မှာ ရပ်ရှ်ဖို့ကို ပစ်ဒဏ် ကျူးလွန်သလို ဖြစ်သွား ခဲ့ရ ပါတယ် ။ ဒီအတွက် ယူနိုက်တက်တို့ ပြစ်ဒဏ်ဘော ရရှိ သွားခဲ့တာ ကြောင့် ပွဲပြီးဖို့ အချိန် သိပ် မကျန်တော့တဲ့ ရှက်ဖီးတို့ ဘောလုံး ပိုင်ဆိုင်မှု ဆုံးရှုံး သွားခဲ့ကြ ပါတယ် ။
အဆိုပါ အဖြစ်အပျက် နဲ့ ပတ်သက်လို့ ရှက်ဖီး နည်းပြ ခရစ် ဝိုင်ဒါ က စောဒက တက်ခဲ့ပြီး ပြစ်ဒဏ်ဘော မပေးသင့်ကြောင်း ပြောကြား နေခဲ့တဲ့ အချိန်မှာ နည်းစနစ် ဧရိယာထဲ ဆိုးလ်ရှား နဲ့ စကား အချေအတင် ဖြစ်သွား ခဲ့ရ ပါတယ် ။ ဒါပေမယ့် စတုတ္ထဒိုင် က လူခွဲ ပေးခဲ့ပြီး လက်ကျန် မိနစ်ကို ဆက်လက် ကစား စေခဲ့ ပါတယ် ။
အဆိုပါ အဖြစ်အပျက် နဲ့ ပတ်သက်လို့ ဆိုးလ်ရှား က ဒါဟာ မျှတတဲ့ ဘောလုံး ယှဉ်လုမှုတစ်ခု ဖြစ်ခဲ့ကြောင်း ၊ ဒါပေမယ့် သူ့ရဲ့ တုန့်ပြန်မှုက နည်းနည်း များခဲ့ကြောင်း ၊ ဒီအတွက် တောင်းပန် စကား ဆိုသွားခဲ့လိုက်ပြီး အဲ့တာ မတိုင်ခင် သူ့ အရှေ့ မှာလည်း ပြစ်ဒဏ်ဘော အချို့ ဖြစ်ပွားခဲ့ပေမယ့် လျစ်လျူရှုတာ ခံခဲ့ရကြောင်း ဆိုးလ်ရှား က မှတ်ချက် ပေးခဲ့လိုက် ပါတယ် ။
” ဒါဟာ သင့်တင့် မျှတတဲ့ ဘောလုံး လုယူမှု တစ်ခု ဖြစ်ခဲ့တဲ့ အတွက် ဒီလို အဖြစ်အပျက် အပေါ် ကျွန်တော် စိတ်ခု နေမှာတော့ မဟုတ်ပါဘူး ။ အဲ့တာတွေ မတိုင်ခင်ကလည်း ကျွန်တော့် အရှေ့မှာ ပြစ်ဒဏ် ကျူးလွန်မုှ နှစ်ကြိမ်လောက် အထိ ဖြစ်ပွားခဲ့ပါသေးတယ် ”
” ဒါဟာ ကျွန်တော်တို့ ကစားသမားတွေ အတွက်တော့ လေ့လာ သင်ယူမှု တွေကို လုပ်တောင် ရမယ့် ပွဲစဉ်တွေ ထဲက တစ်ပွဲ ဖြစ်သွား ခဲ့ရ ပါတယ် ။ ဒါဟာ သင့်တင့် မျှတတဲ့ ပွဲစဉ် တစ်ပွဲပဲ ဖြစ်ခဲ့ရ ပါတယ် ။ ဘောလုံး အားကစားမှာတော့ ဒီလို အဖြစ်အပျက် တွေက ဖြစ်လေ့ဖြစ်ထ ရှိတယ် လေ ”
” ကျွန်တော် ပြောခဲ့တဲ့ စကားလုံး တွေက နည်းနည်း ပြင်းထန်ကောင်း ပြင်ထန် သွားခဲ့ပါ လိမ့်မယ် ။ ဒီအတွက် ကျွန်တော် တောင်းပန်လို ပါတယ် ။ အဲ့တာတွေ အားလုံး ပြီးဆုံး သွားရင်တော့ ကျွန်တော်တို့ တစ်ခွက် တစ်ဖလားလောက် လက်ဆုံကျဦးမှာပါ ” လို့ ဆိုးလ်ရှား က မှတ်ချက် ပေးစကား ပြောကြား သွားခဲ့လိုက် ပါတယ် ။