ချဲလ်ဆီးအအသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ခပ်သွက်သွက်လှုပ်ရှားနေပြီး ကစားသမား ၁၂ ဦးအထိ ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။
နက်တိုကို ၁၂ ယောက် ကစားသမားအဖြစ် ခေါ်ယူခဲ့ပြီး သြဂုတ်လ ၃၀ ရက်နေ့ မတိုင်ခင် ကစားသမား ၉ ဦးအထိ ရှင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးရှင်းထုတ်မယ့်ကစားသမားတွေထဲမှာ လူကာကူ ၊ ဘရိုဂျာ ၊ ချာလိုဘတ် ၊ ဖိုဖာနာ ၊ မာဒူကီ ၊ ချူကွာမီကာ ၊ ကာဆာဒီ ၊ ဟမ်းဖရေး နဲ့ စတာလင်တို့ ပါဝင်နေပါတယ်။
ဂယ်လာဟာကို တီကိုအသင်းထံရောင်းထုတ်ဖို့ နီးစက်နေပြီး ချဲလ်ဆီးဟာ အိုမိုရိုဒီအွန်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။ ကစားသမား ၁၂ ယောက်အထိ ခေါ်ယူထားပြီးဖြစ်ပေမယ့် ချဲလ်ဆီးအသင်းဟာ တီကိုစတား ဂျာအိုဖီးလစ်ကို ထပ်မံခေါ်ယူဖို့ ဆွေးနွေးနေသလို နာပိုလီစတား အိုဆီမင်ကိုလည်း ချိတ်ဆက်နေပါတယ်။
ရာသီကြိုခရီးစဉ်မှာ ရလဒ်တွေဆိုးဝါးခဲ့ပြီးနောက် မာရက်စ်ကာရဲ့အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းနဲ့စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။