spot_img

ဒေးဗစ်မွိုက်စ်နှင့် အန်ဆယ်လော့တီမှာ ဗုဒ္ဓဝါဒနေထိုင်မှုကဲ့သို့ အေးဆေးတည်ငြိမ်ကြောင်း ဂွါဒီယိုလာ သုံးသပ်

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်ပြိုင်ဘက်များဖြစ်သည့် ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ်နှင့် အဲဗာတန်အသင်းနည်းပြ အန်ဆယ်လော့တီတို့မှာ ဗုဒ္ဓဝါဒနေထိုင်မှုကဲ့သို့ အေးဆေးတည်ငြိမ်မှုရှိ ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မန်စီးတီးနှင့် ဝက်စ်ဟမ်းအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အဖြစ် စနေနေ့ ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ယင်းပွဲမတိုင်မီ သောကြာနေ့ကပြုလုပ်သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲ၌ ဂွါဒီယိုလာက ယခုလို ပြောကြားခြင်းဖြစ်သည်။ ” ဒေးဗစ်မွိုက်စ်က ကျွန်တော် လေးစားသဘောကျရတဲ့သူမျိုးပါ။ ရွိုင်းဟော့ဒ်ဆန် (ပဲလေ့စ်နည်းပြ) လည်း ပါပါတယ်။ သူတို့ဆီမှာ များပြားလွန်းတဲ့ အလုပ်အကိုင်အတွေ့အကြုံတွေရှိပါတယ်။ ကျွန်တော်က အဲဒီလိုဖြတ်သန်းမှုမျိုးကို သဘောကျပါတယ်။ ရာသီတစ်ခုက ဘယ်လိုမျိုးလဲဆိုတာ သူ့ဘာသာအဖြေထွက်သွားပါလိမ့်မယ်။ သူ (မွိုက်စ်) က ဘောလုံးအကြောင်း ပြီးပြည့်စုံအောင် သိထားတဲ့သူပါ။ ကာလိုအန်ဆယ်လော့တီ (အဲဗာတန်နည်းပြ) လိုမျိုးပေါ့။ အရာအားလုံးက အေးဆေးတည်ငြိမ်ပါတယ်။ သူတို့က ဗုဒ္ဓဝါဒနေထိုင်မှုမျိုး နေကြတာပါ။ အဲဒီလို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့အတွက် သူတို့ဆီမှာ အတွေ့အကြုံတွေ အများကြီးရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

myan789

ထို့ပြင် စံချိန်တင် နိုင်ပွဲဆက်နေခြင်းနှင့် ပတ်သက်၍ ဂွါဒီယိုလာက “အရေးကြီးဆုံးကတော့ မယုံနိုင်လောက်အောင် အင်အားတောင့်တင်းတဲ့ နည်းပြအဖွဲ့တွေ၊ ဝန်ထမ်းတွေနဲ့ ကစားသမားတွေကြောင့်ပါ။ ဆုဖလားများများရဖို့ဆိုရင် ထိပ်တန်းကစားသမားတွေ လိုပါတယ်။ ဒါက ထေ့ငေါ့ပြီး ပြောတာမဟုတ် ပါဘူး။ အမှန်တရားပါ” ဟု ဆိုခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular