spot_img

ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းအား ခေါ်ယူနိုင်သည့် ကလပ်အသင်း (၁၀)သင်းသာရှိကြောင်း အေးဂျင့်ဖြစ်သူ ရိုင်အိုလာ ပြောကြား

ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်း၏ အေးဂျင့် ဖြစ်သူ ရိုင်အိုလာက ဟော်လန်းအား ခေါ်ယူနိုင် သည့် ကလပ်အသင်း (၁၀)သင်းသာရှိကြောင်း BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

အသက် (၂၀)အရွယ်ရှိ နော်ဝေတိုက်စစ်မှူး ဟော်လန်းသည် ၂၀၁၉-၂၀ ရာသီတွင် သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းနှင့် တောက်ပလာသူဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် ဒေါ့မွန်အသင်းက ၎င်းကို ပြောင်းရွှေ့ ကြေး ယူရိုသန်း(၂၀)ဖြင့် ခေါ်ယူခဲ့သည်။ ဟော်လန်းသည် ဒေါ့မွန်အသင်းတွင် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၄၃)ပွဲကစားရာ (၄၃) ဂိုးသွင်းယူထားသည်။

myan789

ထို့ကြောင့် ရိုင်အိုလာက ဟော်လန်းမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားများဖြစ်သည့် စီရော်နယ်လ်ဒို၊ မက်ဆီတို့၏နေရာကို ဆက်ဆံမည့်သူဖြစ်ပြီး ၎င်းအားခေါ်ယူလိုသည့် အသင်းများစွာ ရှိနေကြောင်း ပြောကြားခဲ့သည်။

ရိုင်အိုလာက “အာလင်း(ဟော်လန်း)ကို အနာဂတ်ကြယ်ပွင့်အဖြစ် လူတိုင်းက စောင့်ကြည့်နေကြတာ သိသာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အသက်အရွယ်နဲ့ သူ့အဆင့်အတန်းမျိုးမှာ သူ့လိုမျိုး လုပ်နိုင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ သူဟာ နောက်ဆယ်စုနှစ်တစ်ခုမှာ အနာဂတ်ကြယ် ပွင့်ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စီရော်နယ်လ်ဒို၊ မက်ဆီနဲ့ အီဘရာဟီမိုဗစ်တို့ဟာ အသက်အရွယ်ရလာပြီဖြစ်ပြီး သူတို့ရဲ့ခေတ်က ကုန်ဆုံးတော့မှာပါ။ ဒါကြောင့် လူတိုင်းက မျိုးဆက်သစ်တစ်ခုကို မျှော်လင့်နေကြပါတယ်။ အခုအချိန်မှာ ဟော်လန်းကို ခေါ်ယူနိုင်စွမ်းရှိတဲ့ ကလပ်အသင်း (၁၀)သင်းပဲ ရှိပါတယ်။ အဲဒီထဲက (၄)သင်းကတော့ အင်္ဂလန်က အသင်းတွေပါ”ဟု ပြောကြားခဲ့သည်။

ဟော်လန်းသည် ဒေါ့မွန်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ၎င်းကို ခေါ်ယူရန် ဥရောပထိပ်သီးအသင်းများက စိတ်ဝင်စားနေကြကြောင်းလည်းသိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular