ဒီရာသီ အသင်းရဲ့ အကြီးမားဆုံး အပြောင်းအလဲ တစ်ခုကို ပြောပြရင်း ဝန်ခံမှု တစ်ခု ပြုလုပ်လိုက်တဲ့ မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယားက ဒီရာသီ အတွင်း အသင်းဟာ ပွဲစဉ် ပြီးဆုံးခါနီး အထိ အရှုံး မပေးပဲ အနိုင် ရလဒ် အတွက် တိုက်ပွဲဝင်ပြ ခဲ့တာ တွေက အကြီးမားဆုံး တိုးတက် ပြောင်းလဲမှု တစ်ခု ဖြစ်ခဲ့ရကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက များသောအားဖြင့် ရလဒ် တစ်ဂိုး နဲ့ ဦးဆောင် ခဲ့တဲ့ ပွဲစဉ် တွေရဲ့ ပွဲချိန် ပြီးဆုံးခါနီးတွေမှာ ဂိုးပေးပြီး သရေ ရလဒ် ထွက်ပေါ် ခဲ့ရတာမျိုး ရှိခဲ့ သလို သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ် တွေမှာလည်း နောက်ကျ ပေးဂိုးတွေကြောင့် ရှုံးရတာမျိုး ရှိခဲ့ ပါတယ် ။

myan789

ဒါပေမယ့် အခု တစ်ပါတ် ဝုလ်ဗ် အသင်းနဲ့ ကစားခဲ့ ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ယူနိုက်တက် တို့ဟာ ပွဲကစားချိန် မိနစ် 90 အထိ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ် နေခဲ့ချိန် တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ 93 မိနစ် မှ သွင်းဂိုးကြောင့် အဖိုးတန် နိုင်ပွဲ တစ်ပွဲ ပိုင်ဆိုင် သွားနိုင်ခဲ့ကြ ပါတယ် ။

အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက်တို့ဟာ အမှတ်ပေး ဇယား အဆင့် 2 နေရာမှာ ရပ်တည် နိုင်ခဲ့ကြပြီး ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို အနီးကပ် ဖိအားပေးသွား နိုင်ခဲ့ကြ ပါတယ် ။ အခုတော့ မက်ဂွားယားက အသင်းဟာ ပွဲချိန် နောက်ဆုံး မိနစ်ထိ အနိုင် ရလဒ် အတွက် တိုက်ပွဲဝင် နေတဲ့ အသင်းမျိုး ဖြစ်လာခဲ့ပြီလို့ ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဒီလို ပွဲစဉ်မျိုး တွေမှာ ဆိုရင် ကျွန်တော်တို့ တွေဟာ နောက်ဆုံး မိနစ်တွေ ရောက်မှ တိုက်စစ်ဆင် ကစားရင်း အမှား တွေက တစ်ဆင့် ဂိုး ပေးခဲ့ ရတာမျိုး ရှိခဲ့တယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ ကျွန်တော်တို့ ပွဲစဉ်ကို အကောင်းဆုံး ထိန်းချုပ် ကစားဖို့ လိုအပ်ခဲ့ ပါတယ် ”

” အဲ့ဒီတုန်းက အခုလို ပွဲစဉ်တွေမှာ ဆိုရင် ကျွန်တော်တို့ တွေဟာ သရေ ရလဒ် ၊ အရှုံး ရလဒ်နဲ့သာ ပွဲစဉ်ကို စိတ်ပျက်ဖွယ်ရာ အဆုံးသတ် လိုက်ရတာမျိုး များခဲ့ ပါတယ် ။ ကျွန်တော်တို့ လိုအပ်ချက်တွေ ရှိခဲ့ကြတာပေါ့ဗျာ ” လို့ မက်ဂွားယား က ပြောကြားရင်း အသင်းဟာ ဒီပွဲမှာ အကောင်းဆုံး မကစား နိုင်ခဲ့ကြောင်း ဝန်ခံ စကား ပြောကြား ခဲ့လိုက် ပါတယ် ။

” နိုင်ပွဲ တစ်ခုချင်းစီက ကြီးမားတဲ့ အနိုင်ရလဒ်ပါပဲ ။ ကျွန်တော်တို့ ဒီနှစ် အတွင်း အဝေးကွင်း ပွဲစဉ်တွေမှာ ရလဒ်ကောင်းခဲ့ကြ ပါတယ် ။ ဒါကြောင့် အခုလို ပွဲစဉ် အတွင်း အိမ်ကွင်းမှာ အနိုင်ရလဒ် ရှာဖွေ နိုင်ဖို့ ၊ လာတဲ့ အသင်းကို ခက်ခဲတဲ့ ပွဲစဉ် ပေးနိုင်ဖို့ ဆိုတာက ကျွန်တော်တို့တွေ အတွက် အရမ်းကို အရေးကြီးခဲ့ ပါတယ် ”

” ဒါက ကျွန်တော် တို့ရဲ့ အကောင်းဆုံး ကစား နိုင်ခဲ့တဲ့ ပွဲစဉ်မျိုး မဖြစ်ခဲ့ရ ပါဘူး ။ ပွဲစဉ်အတွင်း ကျွန်တော်တို့ လိုချင် သလောက် တိုက်စစ်ပိုင်း ပြင်းအားတွေ မရှိခဲ့ ပါဘူး ။ ဒါပေမယ့် အခုလို ပွဲစဉ်မျိုးမှာ ကြံ့ကြံ့ခံ ကစားပြ နိုင်ဖို့တော့ လိုအပ်ခဲ့ ပါတယ် ။ ကျွန်တော်တို့ 0-0 ဖြစ်ခဲ့တဲ့ အနေအထား တစ်ရပ်မှာ ဦးဆောင်ဂိုး မပေးရအောင် သေသေချာချာ ကြိုးစားရ ပါ့မယ် ”

” ပွဲစဉ်ကို 0 – 0 နဲ့ ထိန်းကစား နိုင်ခဲ့ဖို့ အရေးကြီးခဲ့ ပါတယ် ။ ကျွန်တော်တို့ အသင်းမှာတော့ ပွဲချိန် နောက်ဆုံး မိနစ် တွေမှာ အပြောင်းအလဲ တွေကို လုပ်ဆောင် ပေးနိုင်မယ့် ပါရမီ ကောင်းသူ ကစားသမားတွေ ရှိကြ ပါတယ် ။ မားကပ်စ် က ပွဲအဖြေကို နောက်ဆုံး မိနစ် ရောက်တဲ့ အခါ ပြောင်းလဲ ပေးသွား နိုင်ခဲ့တယ်လေ ”

” ကျွန်တော်တို့ အခွင့်အရေးကို စိတ်ရှည်ရှည်ထား စောင့်ဆိုင်းခဲ့ကြ ပါတယ် ။ အကယ်လို့ အခု ပွဲစဉ်မှာ အနိုင် ရရှိမယ့် အသင်း ရှိခဲ့တယ် ဆိုရင် အဲ့တာက ကျွန်တော်တို့ပဲ ဖြစ်နေ လိမ့်မယ်ဆိုတာကို သေချာအောင် ကျွန်တော်တို့ ကစားပြ နိုင်ခဲ့ကြပါတယ် ” လို့ မက်ဂွားယား က ပြောခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular