လီဗာပူး ဂန္တ၀င် ဂျေမီကာရေဂါက အက်စတွန်ဗီလာဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်လိုမျိူး အသင်းကြီးတွေကို ကျော်ဖြတ်ကာ top 4 ၀င်အောင် လုပ်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေပါတယ်။ ဗီလာဟာ မနေ့ညက ၀က်ဟမ်းကို ၄-၁ နဲ့ အနိုင်ယူကာ အဆင့် ၅ နေရာကို တက်လာခဲ့ပြီး လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ ၂ မှတ် အကွာမှာ ရပ်တည်နေပါတယ်။
အူနိုင်းအမ်မရီဟာ ဗီလာကို ရောက်လာခဲ့တဲ့ ကာလတို အတွင်းမှာ အကောင်းဆုံး အနေအထားမှာ ရှိနေအောင် စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပြီး ကလပ်ရဲ့ ဒီလို လျှင်မြန်တဲ့ တိုးတက်လာမှုကြောင့် လူတော်တော်များများက ဗီလာဟာ ဒီရာသီမှာ top 4 နေရာကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်လာကြပါတယ်။
ကာရေဂါက “တစ်ခါတစ်ရံ အသင်းတစ်သင်းဟာ ခံစစ်ပိုင်းမှာ တကယ့်ကို မာကျောပေမယ့် ဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်ရတက်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အသင်းဟာ ဂိုးတွေ သွင်းယူနိုင်စွမ်း ရှိပေမယ့် ခံစစ်ကြောင်းက ပွင့်နေတက်ပါတယ်။ ထ်ိပ်တန်း အသင်းတွေကတော့ နှစ်ဦးစလုံး ဟန်ချက်ညီအောင် လုပ်နိုင်ကြပါတယ်။
ဒါပေမယ့် ဒီလို လုပ်နိုင်ဖို့အတွက် မန်စီးတီး or လီဗာပူး တို့ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေ အတွင်း ကစားသမားကောင်းတွေ လိုအပ်ခဲ့ပါတယ်။ အက်စတွန်ဗီလာ တို့ ဒီလိုမျိုး လုပ်ပြနေတာ ကတော့ တကယ့်ကို ကောင်းလှပါတယ်။ ပြီးခဲ့တဲ့ ရာသီက နယူးကာဆယ် တို့ ချန်ပီယံလိဂ်၀င်ခွင့်ရအောင် လုပ်ပြခဲ့တာကို တွေးကြည့်လိုက်ပါ။ ‘သူတို့ ချန်ပီယံလိဂ် ၀င်ခွင့် ရမှာ မဟုတ်ပါဘူး’ ဆိုပြီး လူတွေက ဖယ်ထုတ်ထားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ လုပ်ပြနိုင်ခဲ့ပါတယ်။ ဗီလာလည်း ဒီလို လုပ်ပြနိုင်စွမ်း ရှိနေပါတယ်။
ဗီလာ အတွက်တော့ ဒါဟာ ခက်ခဲနိုင်ပါတယ်။ သူတို့ အတွက် ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်နဲ့ မတူတဲ့ ပြသနာ ကတော့ ဗီလာဟာ ဥရောပပွဲတွေ ကစားနေရတာပါပဲ။ သူတို့ Conference league မှာ နောက်ဆုံးအဆင့့်တွေ တက်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။ အူနိုင်းအမ်မရီကြောင့်ပါ။ ဒါဟာ သူတို့ကို top 4 ၀င်ဖို့ ကြိုးစားတဲ့နေရာမှာ ပြသနာ တစ်ခု ဖြစ်စေနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။