spot_img

ဒီရာသီ လီဗာပူးရဲ့ Moment of the season ကို ရွေးချယ်ပေးလိုက်တဲ့ မိုဟာမက်ဆာလား

လီဗာပူး တိုက်စစ်မှုး မိုဟာမက်ဆာလားက ဝက်ဘရွမ်းနဲ့ ပွဲစဉ်မှာ အလီဆွန်ရဲ့ ပြောင်မြောက်လှတဲ့ ခေါင်းတိုက် အနိုင်ဂိုးဟာ ဒီရာသီ လီဗာပူးရဲ့ moment of the season ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဘရာဇီး ဂိုးသမားဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဒရမ်မာအဆန်ဆုံး အခိုက်အတန့်ကို ဖန်တီးနိုင်ခဲ့ပြီး Hawthorns မှာ ကစားခဲ့တဲ့ ပွဲစဉ်ရဲ့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ အလက်ဇန်းဒါးအာနိုးရဲ့ ထောင့်ကန်ဘော ကနေ တဆင့် လှပတဲ့ ခေါင်းတိုက်ဂိုးနဲ့ အရေးပါလှတဲ့ အနိုင် ၃ မှတ်ကို ရယူပေးနိုင် ခဲ့ပါတယ်။

အလီဆွန်ရဲ့ ဂိုးဟာ ယာဂန်ကလော့ရဲ့ အသင်းကို top 4 မျှော်လင့်ချက် ပြန်လည် ရှင်သန်လာစေခဲ့တဲ့ အပြင် လီဗာပူးတို့ လာမည့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ရာမှာလည်း အဓိကကျခဲ့ ပါတယ်။ ပရိတ်သတ်တွေ ရွေးချယ်တဲ့ ဒီရာသီ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီးနောက် အီဂျစ် လက်ရွေးစင်က ဒီအကြောင်းကို ပြောခဲ့တာ ဖြစ်ပါတယ်။

myan789

နက်ဖီးလစ် ဖာဘင်ညို တို့ကို ကျော်ဖြတ်ကာ ဒီဆုကို ရခဲ့တဲ့ ဆာလားဟာ ဒီရာသီ သူ့အသင်း ရုန်းကန်ခဲ့ရပေမယ့်လည်း ၎င်းကိုယ်တိုင် ကတော့ နောက်ထပ် ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး လီဗာပူး အတွက် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ၃၁ ဂိုးထိ သွင်းယူ နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီရာသီ လီဗာပူးရဲ့ အဓိက အကျဆုံး အခိုက်အတန့်ကို ရွေးချယ်ရာမှာတော့ ဆာလားဟာ သူ့ရဲ့ သွင်းဂိုးတွေထက် စာရင် ဝက်ဘရွမ်းနဲ့ ပွဲစဉ်က အလီဆွန်ရဲ့ မမေ့နိုင်စရာ သွင်းဂိုးကို ရွေးချယ် သွားခဲ့ပါတယ်။

ဆာလားက “highlight of the season ကတော့ အလီရဲ့ သွင်းဂိုးပဲ ဖြစ်ပါတယ်။ ကျွန်တော် ဒီထက် ပိုပြီး ဘာမှ မပြောနိုင်တော့ပါဘူး။ ဒါဟာ မယုံကြည်နိုင်စရာပါ။ ကျွန်တော် ခုနက ပြောခဲ့သလိုပဲ ဒီသွင်းဂိုးမှာ အသင်းသား အားလုံးရဲ့ တုန့်ပြန်မှုဟာ တကယ့်ကို ပြောစရာ စကားလုံး ရှာမတွေ့ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း ဘာမှ မစဉ်းစားမိ ခဲ့ပါဘူး။ ကျွန်တော် သူ့အပေါ် ခုန်တက်ခဲ့ပါတယ်။

ကျွန်တော်တို့ လာမည့် ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားရတော့မယ် ဆိုတာကို ဒီအခိုက်အတန့်မှာ ကျွန်တော် ခံစားမိခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ နောက်ဆုံး ဘောလုံး ဖြစ်ပြီး မယုံကြည်နိုင်စရာ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။

ဒါဟာ တကယ့်ကို ကောင်းတဲ့ ခေါင်းတိုက်ချက် ဖြစ်ပြီး ဘယ်သူမှ မထင်ထားခဲ့ ပါဘူး။ မယုံနိုင်စရာ ပါပဲ။ သူဟာ အကောင်းဆုံး လုပ်ပေးခဲ့ပြီး ကျွန်တော်တို့ကို အနိုင် ၃ မှတ် ရယူပေးခဲ့ပါတယ်။” လို့ ဆိုသွားပါတယ်။

လီဗာပူးဟာ မတ်လ ၇ ရက်နေ့ ဖူဟမ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် အတော်လေး မှေးမှိန်သွားခဲ့ ပေမယ့်လည်း လက်ကျန် ၁၀ ပွဲမှာ ၈ ပွဲနိုင် ၂ ပွဲသရေ ရလဒ်ကို ရယူကာ ချဲလ်ဆီး လက်စတာ တို့ကို ကျော်ဖြတ်ပြီး အဆင့် ၃ နေရာနဲ့ ပန်းဝင်သွားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular