spot_img

ဒီဘားလားအားခေါ်ယူရန် အင်တာမီလန်၊ အက်သလက်တီကိုနှင့် အာဆင်နယ်တို့ အပြိုင်ကြိုးပမ်းဖွယ်ရှိ

လာမည့်နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖွယ်ရှိနေသည့် အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားအားခေါ်ယူရန်အတွက် ဥရောပထိပ်တန်းအသင်းကြီးများစွာက ပစ်မှတ်ထားနေပြီး အင်တာမီလန်၊ အက်သလက်တီကိုနှင့် အာဆင်နယ်အသင်းတို့အပြိုင်ကြိုးပမ်းဖွယ်ရှိနေကြောင်း အီတလီမီဒီယာများကဖော်ပြခဲ့ကြသည်။

အသက် (၂၈)နှစ်အရွယ်ရှိ ဒီဘားလားသည် ၂၀၁၅ နွေရာသီအပြောင်းအရွှေ့က ပါလာမိုအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ယူရိုသန်း (၄၀)ဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

myan789

ဒီဘားလားအနေဖြင့် တူရင်မြေတွင် (၇)ရာသီကြာဖြတ်သန်းပြီးနောက် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ စာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးမှုမှာလည်း အဆင်မပြေခဲ့ကြောင်းသိရသည်။

ဂျူဗင်တပက်စ်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ အရီဗာဘီနီကလည်း ဒီဘာလားမှာ အသင်း၏အနာဂတ်အစီအစဉ်များတွင် ရေရှည်မပါဝင်နိုင်ဟု ဖွင့်ဟခဲ့သလို၊ အသင်းအနေဖြင့်လည်း မတ်လ (၂၁)ရက်နေ့အထိ ကစားသမား၏အေးဂျင့်ဖြစ်သူနှင့် စာချုပ်သစ်အတွက် တွေ့ဆုံဆွေးနွေးမှု တစ်စုံတစ်ရာမရှိကြောင်းလည်း ပြောကြားခဲ့သည်။

လက်ရှိတွင် ဒီဘားလားအားခေါ်ယူရန်အတွက် ဂျူဗင်တပ်စ်အသင်း၏ စီးရီးအေချန်ပီယံပြိုင်ဘက်အသင်းကြီးတစ်သင်းဖြစ်သော အင်တာမီလန်အသင်းက အပြင်းအထန်ကြိုးပမ်းနေပြီး၊ စပိန်ကလပ်အက်သလက်တီကိုအသင်းကလည်း လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိသော ဆွာရက်ဇ်၏နေရာတွင် အစားထိုးရန်အတွက် ဒီဘားလားအား စိတ်ဝင်စားနေကြောင်းသိရသည်။ ထို့ပြင် ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်သည့် အာဆင်နယ်အသင်းမှာလည်း လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါက အသင်းအား အကြီးစားအားဖြည့်မှုများပြုလုပ်ရန်စီစဉ်နေရာ ဒီဘားလားမှာ အသင်း၏အဓိကပစ်မှတ်ဖြစ်လာဖွယ်ရှိကြောင်း Football Italia ကဖော်ပြခဲ့သည်။

ဒီဘာလားအနေဖြင့် လက်ရှိတွင် အနာဂတ်အတွက် တစ်စုံတစ်ရာမဆုံးဖြတ်ရသေးသော်လည်း၊ အီတလီမီဒီယာများ၏ ဖော်ပြချက်အရ ၎င်းအနေဖြင့် စီးရီးအေကိုစွန့်ခွာကာ နယ်မြေသစ်တွင် စိန်ခေါ်မှုအသစ်များရှာဖွေရန် ဆန္ဒရှိနေကြောင်း သိရသည်။ ဒီဘားလားသည် ဂျူဗင်တပ်စ်အသင်းအတွက် (၇)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၈၃)ပွဲကစားရာ၌၊ (၁၁၃) ဂိုးသွင်းယူပေးထားပြီး အသင်းနှင့် စီးရီးအေချန်ပီယံဆု (၅)ကြိမ်အပါအဝင် ပြည်တွင်းဆုဖလား (၁၂)လုံးရယူနိုင်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular