spot_img

ဒီပေးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဘာလို့ ကျရှုံးခဲ့တာလဲဆိုတာ ပြောပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသ မားဟောင်း ဖြစ်သူ ရီယို ဖာဒီနန် က နယ်သာလန် အသင်းရဲ့ တိုက်စစ်မှူး မန်ဖစ် ဒီပေးဟာ အိုးလ် ထရပ်ဖို့ဒ် မြေဆီ ရောက်လာတာ အချိန်စောခဲ့ကြောင်း ၊ အခုတော့ သူဟာ ရင့်ကျက်လာခဲ့ပြီ ဖြစ်ကြောင်း သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ဖစ် ဒီပေးဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းကို နယ်သာလန် လက်ရွေးစင် နည်းပြဟောင်း လူးဝစ် ဗန်ဂါးလ် ကိုင်တွယ်ခဲ့စဥ်တုန်းက အိုးလ် ထရပ်ဖို့ဒ် ကွင်းဆီ ရောက်လာခဲ့သူပဲ ဖြစ်ပါတယ် ။ အဆိုပါ အချိန်တုန်းက သူဟာ ထွန်းတောက်လာမယ့် ကြယ်ပွင့် အဖြစ် ထင်ကြေး ပေးခံခဲ့ရ ပါတယ် ။

myan789

ဒါပေမဲ့ သူဟာ မန်ချက်စတာမှာ ရှိခဲ့တဲ့ 2 နှစ်တာ အချိန် ကာလအတွင်း အသင်းအတွက် ပရီးမီးယားလိဂ် 16 ကြိမ်သာ ပွဲထွက် ကစားခွင့် ပိုင်ဆိုင်နိုင်ခဲ့ပြီး ပြိုင်ပွဲစုံ 53 ကြိမ်သာ ပါဝင် ကစားခွင့် ပိုင်ဆိုင်နိုင်ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဥ်တွေမှာတော့ သူဟာ အသင်းအတွက် 7 ဂိုး မျှသာ သွင်းယူထားနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် မန်ချက်စတာမှာ ရှိနေခဲ့စဥ် လေ့ကျင့်ရေးကွင်းဆီ သွားတဲ့ အခါတွေမှာ သူဟာ ဖက်ရှင်ထုတ်လေ့ ရှိခဲ့တဲ့ အတွက် အသင်း ခေါင်းဆောင် ဖြစ်သူ ဝိန်းရွန်နီ ရဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရပါသေးတယ် ။ အဲ့ဒီနောက်မှာတော့ သူဟာ လိုင်ယွန် အသင်းဆီ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

လိုင်ယွန် အသင်းဆီ ရောက်တဲ့ အခါမှာတော့ ကြိုးစားမှု တွေနဲ့ အတူ အထူး ပုံစံကောင်း တွေကို ပြသထားနိုင်ခဲ့တဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် ၊ ဘာစီလိုနာ တို့လို ထိပ်သီး ကလပ်တွေက သူ့ကို ခေါ်ယူဖို့ အတွက် ပစ်မှတ် ထားနေခဲ့ကြပါသေးတယ် ။

အခုတော့ သူဟာ နယ်သာလန် လက်ရွေးစင်အသင်းကြီး အတွက်ပါ အရေးပါတဲ့ တိုက်စစ်မှူး တစ်ဦးအဖြစ် နာမည် ကောင်းတွေ ပိုင်ဆိုင်နေခဲ့ပါပြီ ။ ဒါ့အပြင် ဒီနေ့ နံနက် သြစတြီးယားနဲ့ ကစားခဲ့တဲ့ ပွဲစဥ်မှာလည်း သူဟာ ပင်နယ်တီမှ တစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန်က မန်ချက်စတာမှ ထွက်ခွာသွားခဲ့တဲ့နောက်ပိုင်းမှာ မန်ဖစ် ဒီပေးဟာ အတော်လေး ရင့်ကျက်လာခဲ့ကြောင်း ၊ သူဟာ မန်ချက်စတာကို ရောက်တာ စောခဲ့တဲ့ အတွက် မအောင်မြင်ခဲ့တာ ဖြစ်ကြောင်း သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” သူဟာ ရှေးဟောင်းအယူအဆတွေကို လက်ကိုင်မထားတဲ့ လွတ်လပ်တဲ့ ကစားသမား တစ်ဦးပဲလို့ ကျွန်တော်ထင်မိပါတယ် ။ သူ့ရဲ့ ဘောလုံးသမား lifestyle က ခေတ်မီတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ပါတယ် ။ သူဟာ ခေတ်သစ် ဘောလုံးသမား တစ်ဦးလိုမျိုး ကျင့်ကြံ နေထိုင်သူ တစ်ဦးပါပဲ ”

” အဲ့တာမျိုးကို old school ဖြစ်တဲ့ ကစားသမား အများစုက သိပ်ပြီး မနှစ်သက်တတ်ကြပါဘူး ။ အဲ့တာမျိုးတွေနဲ့ အံဝင်ဖို့ အတွက် ကျွန်တော် ကိုယ်တိုင် အပါအဝင် ခေတ် ဟောင်း ကစားသမား အများစုက အချိန်တော့ ပေးရမှာ အသေအချာ ပါပဲ ”

” သူ (ဒီပေး) ယူနိုက်တက် အသင်းမှာ မအောင်မြင်ခဲ့တာက အကြောင်းအရာ အများကြီး အပေါ်မှာ မူတည်နေခဲ့ပါတယ် ။ timing.. သူဟာ မှန်ကန်တဲ့ အချိန် တစ်ခု အတွင်း မှန်ကန်တဲ့ နေရာမှာ ရှိမနေခဲ့ပါဘူး ။ ပြီးတော့ လုံလောက်တဲ့ ရင့်ကျက်မှုလည်း ရှိမနေခဲ့ ပါဘူး ”

” သူ ယူနိုက်တက် အသင်းဆီ စရောက်တုန်းက အရမ်းကို ငယ်ရွယ်နေခဲ့ပါသေးတယ် ။ ပြီးတော့ နည်းပြ အပိုင်း ၊ သူဟာ မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ နည်းပြမှု တွေကို မပိုင်ဆိုင်ခဲ့ရ ပါဘူး ” လို့ ဖာဒီနန် က ဒီပေး မအောင်မြင်ခဲ့ ရတဲ့ အကြောင်းအရင်း တွေကို ထုတ်ဖော် ပြောကြားသွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular