ဒီဂီယာ ကို နေရာပေးလွန်းမှုတွေကြောင့် အနာဂါတ်ကို စဉ်းစားနေပြီဖြစ်တဲ့ ရိုမဲရိုး

မန်ချက် စတာ ယူနိုက်တက် အသင်းရဲ့ အရန် ဂိုး သမားကြီး ဆာဂျီယို ရိုမဲရိုး ဟာ အသင်း က နံပါတ် ၁ ဂိုး သမား ဒေးဗစ် ဒီဂီယာ အပေါ် အလွန် အမင်း နေရာ ပေးမှုတွေ ကြောင့် သူ့ရဲ့ အနာဂါတ် ကို စဉ်းစား နေပြီ လို့ သတင်း တွေ ထွက်ပေါ် လာခဲ့ ပါတယ် ။ ရိုမဲရိုး ဟာ ဒီရာသီ မှာ ပွဲ ကစား ရမှု အလွန် နည်းခဲ့ပြီး ဒီဂီယာ ကသာ အမှတ်ပေး ပွဲ ၊ ရှုံးထွက် ပွဲတွေ အားလုံးကို ပင်တိုင် ကစားခွင့် ရရှိ နေခဲ့ ပါတယ် ။

ဒီဂီယာ ဟာ ဒီနှစ် မှာ အမှားတွေ ကြောင့် ဂိုးတွေ ဆက်တိုက် ခွင့်ပြု နေရပြီး ဝေဖန် မှုတွေ နဲ့ လည်း ရင်ဆိုင် နေခဲ့ရ ပါတယ် ။ ချဲလ်ဆီး ကို ရှုံးနိမ့် ခဲ့တဲ့ FA Cup ပွဲစဉ်က မေဆွန်မောင့် ရဲ့ ဂိုး အပါအဝင် အခြားသော မပေး သင့်တဲ့ ဂိုးတွေ ကို ပေးနေရမှု က ဒီဂီယာ ရဲ့ အနေအထား အပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာ စေခဲ့ ပါတယ် ။

myan789

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးရှား ကတော့ ဒီဂီယာ ကို ချန်လှပ် ထားဖို့ စိတ်ကူး မရှိခဲ့ဘဲ ဆက်လက် အသုံးပြု နေခဲ့ ပါတယ် ။ ဒါဟာ ယခင် က ရှုံးထွက် ပွဲတွေ မှာ ကစားခွင့် ရနေတဲ့ ရိုမဲရိုး အတွက် ကစားခွင့် ပျောက်ဆုံး သွားခဲ့ ရပါတယ် ။

ရိုမဲရိုး ဟာ လူးဝစ် ဗန်ဟား လက်ထက် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ရောက်လာ ခဲ့သူ ဖြစ်ပြီး ဒီဂီယာ ရဲ့ အရန် လူ အဖြစ် နေခဲ့ရ ပါတယ် ။ ဒါပေမယ့် အာဂျင်တီးနား လက်ရွေးစင် အသင်း ရဲ့ နံပါတ် ၁ ဖြစ်တဲ့ ရိုမဲရိုး ဟာ ကစားခွင့် ရတဲ့ ပွဲတွေ မှာ တည်ငြိမ် တဲ့ လက်စွမ်း ကို ပြသ နိုင်ခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေ ရဲ့ ချစ်ခြင်း မေတ္တာကို ရရှိ လာခဲ့ ပါတယ် ။

ဒါကြောင့် အခုလို ဒီဂီယာ လက်စွမ်း ကျနေ ချိန်မှာ ရိုမဲရိုး ကို အလှည့်ကျ ပွဲထွက် စေဖို့ ပြောဆို မှုတွေ ရှိလာခဲ့ ပေမယ့် ဆိုးရှား ကတော့ စပိန်သား ကိုသာ ဆက်လက် နေရာပေး နေခဲ့ ပါတယ် ။ ဒါဟာ အသက် ၃၃ နှစ် ရှိနေပြီ ဖြစ်တဲ့ ရိုမဲရိုး အတွက် အနာဂါတ် အကြောင်းကို စဉ်းစားဖို့ ဖြစ်လာ ခဲ့တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ရိုမဲရိုး ဟာ ယူနိုက်တက် နဲ့ စာချုပ် ၁ နှစ်သာ ကျန်ရှိ တော့တာကြောင့် လာမယ့် ရာသီမှာ သက်တမ်း မတိုးဘဲ အလွတ် ထွက်ခွာဖို့ အတွက် အခြား အသင်းတွေ နဲ့ ညှိနှိုင်း ဆွေးနွေးခွင့် ရရှိ လာတော့ မှာ ဖြစ်ပါတယ် ။ မန်ချက် စတာ ယူနို်က်တက် ဟာ ရှက်ဖီး ယူနိုက်တက် အသင်းမှာ အငှား ထွက် ကစား နေပြီး လက်စွမ်း ပြနေတဲ့ ဂိုးသမားလေး ဟန်ဒါဆင် ကို နေရာပေးသင့် မပေးသင့် ကိစ္စတွေ နဲ့ အလုပ်များ နေချိန်မှာ ရိုမဲရိုး ရဲ့ ပြဿနာ ဟာ နောက်ထပ် ခေါင်းခဲ စရာ ဖြစ်လာ တော့မှာ ဖြစ်ပါတယ် ။

ဒီယန်း ဟန်ဒါဆင် ကလည်း ရှက်ဖီး ယူနိုက်တက် မှာ အထူး ကောင်းမွန်တဲ့ လက်စွမ်းတွေကို ပြသ နေပြီး ချဲလ်ဆီး အသင်း နည်းပြ လမ်းပတ် က နွေရာသီ မှာ ကမ်းလှမ်းဖို့ စိတ်ကူး နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့ ပါတယ် ။ ဟန်ဒါဆင် ကိုယ်တိုင် ကလည်း သူ ဟာ ပွဲထွက် ခွင့် နဲ့ ထိုက်တန်သူ ဖြစ်တယ်လို့ တဖြည်းဖြည်း ယုံကြည်လာ တာကြောင့် လာမယ့် ရာသီမှာ ယူနိုက်တက် တာဝန်ရှိသူတွေ အတွက် ခေါင်းခဲ စရာတွေ ဖြစ်လာ ဖို့ ရှိနေ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular