spot_img

ဒါဘီ နည်းပြ ရာထူးကို လက်မခံခင် ဂျရတ် နဲ့ ဖုန်းပြောခဲ့တဲ့ ရွန်းနီ

မန်ချက်စတာ ယူနိုက်တက် နဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီ ဟာ ယမန်နေ့ က ဘောလုံး သမား ဘ၀ ကနေ တရားဝင် အနားယူ သွားခဲ့ပြီး ဒါဘီ ကောင်တီ အသင်းရဲ့ နည်းပြ အဖြစ် ၂ နှစ် ခွဲ စာချုပ် ချုပ်ဆို သွားခဲ့ ပါတယ် ။ ရွန်းနီ ဟာ ဒါဘီ အသင်း မှာ ကစား သမား – နည်းပြ အဖြစ် ကနေ ယာယီ နည်းပြ အဖြစ် လုပ်ကိုင် နေသူ ဖြစ်ပြီး အခု အချိန် မှာတော့ နည်းပြ အဖြစ်ကို အပြည့်အ၀ ကူးပြောင်း လိုက်ပြီ ဖြစ် ပါတယ် ။

ဒါဘီ ကောင်တီ ဟာ လက်ရှိ မှာ အကြပ် အတည်းတွေနဲ့ ရင်ဆိုင် နေရ ပါတယ် ။ အသင်းဟာ တန်းဆင်းဇုန် ရဲ့ အထက် မှာ ကပ်ပြီး ရှိနေသလို ပိုင်ရှင်သစ် ထံ လွှဲပြောင်းရေး ဟာလည်း ကြန့်ကြာလို့ နေပါတယ် ။ အသင်းမှာ ဘဏ္ဍာရေး အကြပ်အတည်း ဖြစ်ပေါ်နေပြီး ကစား သမားတွေကို ဒီဇင်ဘာလ အတွက် လစာပင် မပေးချေ ရသေး ပါဘူး ။

myan789

ဒါပေမယ့် ရွန်းနီ ကတော့ အရှေ့ အလယ်ပိုင်း သူကြွယ် ရှိတ်ခါလတ် ရဲ့ ဝယ်ယူမှု ဟာ မကြာခင် ဖြစ်လာမယ် လို့ ယူဆ ထားကြောင်း နဲ့ ဒါဘီ ကောင်တီ ဟာလည်း တန်းဆင်း အန္တရာယ် ကနေ လွတ်မြောက်မယ် လို့ ယုံကြည် ထားတာကြောင့် အခုလို အမြဲတမ်း နည်းပြ အဖြစ် လုပ်ကိုင် ခဲ့တာလို့ ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ရွန်းနီ က သူ ဟာ ဒါဘီ နည်းပြ ရာထူး ကို အမြဲတမ်း လုပ်ကိုင်ဖို့ အတွက် လက်မခံ ခင်မှာ ရိန်းဂျားစ် နည်းပြ စတီဗင် ဂျရတ် ထံ ဖုန်းခေါ် ခဲ့တယ် လို့လည်း ဖွင့်ဟ ပြောဆို လာခဲ့ ပါတယ် ။ ရွန်းနီ နဲ့ ဂျရတ် တို့ ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး ဆိုတဲ့ ခါးသီးတဲ့ ပြိုင်ဘက် ၂ သင်း မှာ ကစား ခဲ့ကြပေမယ့် ရင်းနှီးသူတွေ ဖြစ်ခဲ့ ကြပါတယ် ။

“ကျွန်တော် ဗုဒ္ဓဟူးနေ့ က စတီဗင် ( ဂျရတ် ) နဲ့ စကား ပြောခဲ့ ပါတယ် ။ သူ က ကျွန်တော့ ရဲ့ မိတ်ဆွေကောင်း တစ်ယောက်ပါ ။ နည်းပြ အလုပ်ကိုလည်း ငယ်ငယ်လေး ကတည်းက လေ့လာပြီး အတွေ့ အကြုံ ရှိခဲ့တဲ့ သူပါ”

“သူ နဲ့ ကျွန်တော် သုံးတဲ့ နည်းစနစ် က တော့ မတူ ပါဘူး ။ ဒါပေမယ့် သူ ဖြတ်သန်း ကြုံတွေ့ ရတဲ့ အရာတွေ ကတော့ ကျွန်တော်နဲ့ အတူတူ ပါပဲ ။ ဒါကြောင့် ဒါဘီ အလုပ်ကို လက်မခံခင် မှာ သူနဲ့ စကားပြော ခဲ့ တာပါ ။ အခု ကျွန်တော် ဆုံးဖြတ် ပြီးပါပြီ ။ အောင်မြင်တဲ့ နည်းပြ တစ်ယောက် ဖြစ်လာဖို့ မျှော်လင့် ထားပါတယ်” လို့ ဝိန်းရွန်းနီ က ဒါဘီ ရဲ့ အမြဲတမ်း နည်းပြ ဖြစ်လာ အပြီး မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရွန်းနီ ဟာ ဒီစီ ယူနိုက်တက် ကနေ ဒါဘီ အသင်းထံ ကစား သမား – နည်းပြ အဖြစ် ပြောင်းရွှေ့ လာခဲ့ပြီး နယ်သာလန် နည်းပြ ဖိလစ် ကိုကူး လက်အောက်မှာ လုပ်ကိုင် ခဲ့ ပါတယ် ။ ဒီရာသီ မှာ ဒါဘီ ရဲ့ ရလဒ်တွေ တောက်လျောက် ထိုးကျ ခဲ့ပြီး တန်းဆင်းဇုန် ထဲ အထိ ရောက်လာ ခဲ့တာကြောင့် နည်းပြ ကိုကူး ကို ထုတ်ပယ်ကာ ရွန်းနီ ကို ယာယီ တာဝန်ပေးအပ် ခဲ့ ပါတယ် ။

ဒါဘီ ဟာ ရွန်းနီ ကိုင်တွယ် စဉ်က စပြီး ရလဒ်ပိုင်း တိုးတက် လာခဲ့ကာ နောက်ဆုံး ကစား တဲ့ ၁၀ ပွဲ မှာ ၃ ပွဲ သာ ရှုံးနိမ့် ထားခဲ့ ပါတယ် ။ လက်ရှိ အချိန်ထိ တန်းဆင်း အန္တရာယ် ရှိနေသေး ပေမယ့် တိုးတက်မှုတွေ ကိုတော့ မြင်တွေ့ နေရပါပြီ ။

ဝိန်းရွန်းနီ ကို ချစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ အားပေး စရာ အသင်း တစ်ခု ထပ်တိုး လာပြီလို့ ဆိုရတော့ မှာပါ . . . . .

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular