spot_img

ဒဏ်ရာ ပြဿနာ တချို့ ရှိနေတဲ့ကြားထဲက ယနေ့ည ချဲလ်ဆီး နဲ့ ပွဲကို ဟားမက်စ် ရိုဒရီဂွက်ဇ် လွဲချော်ဦးမယ် လို့ အတည်ပြုလာတဲ့ အန်ဆယ်လော့တီ

ယနေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ရဲ့ ပွဲကောင်း တပွဲ ဖြစ်တဲ့ အဲဗာတန် – ချဲလ်ဆီး ပွဲဟာ ဂွတ်ဒီဆင်ပါ့ခ် မှာ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ် ။ အန်ဆယ်လော့တီ – လမ်းပတ် ၊ ဆရာတပည့် အတွဲဟောင်း ရဲ့ ဒီ တကြိမ် ထိပ်တိုက် တွေ့ဆုံမှုက ဘယ်လို ရလဒ်မျိုး ထွက်လာမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

ဧည့်သည် ချဲလ်ဆီး အသင်း မှာ ဟာကင် ဇီယက်ချ် ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း တို့ ၂ဦးလောက်ပဲ တံကောက်ကြော ဒဏ်ရာ ပြဿနာ ရှိနေချိန် ၊ အိမ်ရှင် အဲဗာတန် အသင်းမှာလည်း ဒဏ်ရာရ ကစားသမား စာရင်း တိုးလာပါတယ် ။

myan789

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ ရီးရဲလ်မက်ဒရစ် အသင်း ကနေ ပြောင်းရွှေ့လာတဲ့ အသက် ၂၉ နှစ် အရွယ် ကိုလံဘီယာ ကွင်းလယ် တိုက်စစ် ကစားသမား ဟားမက်စ် ရိုဒရီဂွက်ဇ် ဟာ ပြီးခဲ့တဲ့ အပတ် ဘန်လေ နဲ့ တဖက် တဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲအပြီး ပေါင်ကြွက်သား ဒဏ်ရာ အသေးစား တခု ရရှိခဲ့ကြောင်း သိရပါတယ် ။

ဒီအတွက်ကြောင့် ဟားမက်စ် ဟာ အဲဗာတန် အသင်း နဲ့ ယခု တပတ် လေ့ကျင့်ရေး အစီအစဉ် တွေကို လွဲချော်ထားပြီး ၊ ယနေ့ည ချဲလ်ဆီး နဲ့ ပွဲကိုပါ လွဲချော်မှာ ဖြစ်ကြောင်း အဲဗာတန် နည်းပြ ကာလို အန်ဆယ်လော့တီ က မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ အတည်ပြု ပြောဆိုခဲ့ပါတယ် ။

အန်ဆယ်လော့တီ က ” ကျွန်တော်တို့ အသင်း မှာ ဟားမက်စ် ပါဝင်မှာ မဟုတ်ပါဘူး ။ ပြီးခဲ့တဲ့ ဘန်လေ နဲ့ ပွဲမှာ သူ ဒဏ်ရာ အနည်းငယ် ရခဲ့ပါတယ် ။ ဒီတပတ်မှာလည်း သူ လေ့ကျင့်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး ။ နောက်အပတ်လောက်မှ သူ ပြန်လေ့ကျင့်နိုင်မယ် လို့ ကျွန်တော် ထင်ပါတယ် ။ ဒီတပတ် ပွဲအတွက် သူ့ကို ကျွန်တော် အရဲစွန့် မသုံးချင်ပါဘူး ။ “

” သူဟာ ဘန်လေ နဲ့ ပွဲမှာ ပေါင်ကြွက်သား ဒဏ်ရာ အသေးစား ရခဲ့တာပါ ။ ထူးထူးခြားခြား ပြင်းထန်တာမျိုးတော့ မရှိပါဘူး ။ ဒါပေမယ့် လေ့ကျင့်ဖို့ အထိတော့ အခြေအနေ က မသက်သာသေးပါဘူး ။ လာမယ့် အပတ် လေ့ကျင့်ရေး အစီအစဉ် မှာ သူ လေ့ကျင့်မှုတွေ ပြန်စတင်နိုင်မလား ဆိုတာ တချက် စောင့်ကြည့်ပြီးမှ နောက်အပတ် လက်စတာ နဲ့ ပွဲမှာ ထည့်သုံးသွားမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဟားမက်စ် ရိုဒရီဂွက်ဇ် အပြင် အဲဗာတန် အသင်း ဟာ အဓိက ဘယ်နောက်ခံလူ လူးကပ်စ် ဒစ်ညေ နဲ့ ကွင်းလယ် ခံစစ် ကစားသမား ဂျွန်ဖီးလစ် ဂျီဘားမင်း တို့ကို ကာလရှည် ဒဏ်ရာ နဲ့ လက်လွှတ်ထားရပါတယ် ။ အသေးစား ဒဏ်ရာ ရခဲ့ကြတဲ့ ကလပ် အသင်းခေါင်းဆောင် ရှေးမက်စ် ကိုးလ်မန်း နဲ့ ကွင်းလယ်လူ ဖေဘီယန် ဒဲ့လ်ဖ် တို့ကတော့ ယနေ့ည ချဲလ်ဆီး နဲ့ ပွဲမှာ ပြန်ပါလာနိုင်ခြေ ရှိပါတယ် ။

ဒဏ်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး အန်ဆယ်လော့တီ က ” ကျွန်တော် ဟာ အသင်း အတွက် မကစားပေးနိုင်တဲ့ ကစားသမားတွေ နဲ့ ပတ်သက်လာရင် အရင်ကတော့ ဆင်ခြေတွေ ပေးခဲ့ဖူးပါတယ် ။ သို့ပေမယ့် ဒဏ်ရာ ပြဿနာ ကင်းစင်နေတဲ့ ကစားသမား တွေဟာ လေ့ကျင့်ရေး အစီအစဉ် မှာ ကြိုးကြိုးစားစား လေ့ကျင့်ထားကြပါတယ် ။ “

” စနေနေ့ ပွဲစဉ် အတွက် သာမက ၊ ဒီဇင်ဘာ တလလုံး ဟာ ကျွန်တော်တို့ အတွက် တကယ့် အရေးပါတဲ့ စမ်းသပ် ကာလ တရပ် ဖြစ်လာမယ် ဆိုတာ သဘောပေါက်ထားပါတယ် ။ ဒီတော့ ကျွန်တော် တို့ဟာ ဒီပွဲ အတွက် ယုံကြည်မှု အပြည့် နဲ့ ချဉ်းကပ်နိုင်မယ် လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဧည့်သည် ချဲလ်ဆီး အသင်း ဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေပြီး ၊ ချန်ပီယံဆု အတွက် ဇယားထိပ် က တော့တင်ဟမ် အသင်း နဲ့ အဆင့် ၂ နေရာ က လက်ရှိ ချန်ပီယံ လီဗာပူး အသင်း တို့ကို ၂မှတ် အကွာကနေ အနီးကပ် ဖိအားပေးနေပါတယ် ။

အိမ်ရှင် အဲဗာတန် အသင်း ကတော့ ဒီရာသီ အစောပိုင်း ပွဲစဉ်တွေမှာ ဆက်တိုက် နိုင်ပွဲတွေ စွမ်းဆောင်နိုင်ခဲ့လို့ ၊ ဇယားထိပ် ကို ယာယီ တက်လှမ်းခဲ့ဖူးပေမယ့် ၊ အခုအခါမှာတော့ ရလဒ်တွေ မတည်မငြိမ် ဖြစ်နေကာ ၊ အဆင့် ၉ နေရာကို ရောက်သွားပါတယ် ။

ပြိုင်ဖက် အဲဗာတန် အသင်း ရဲ့ အနေအထား နဲ့ ပတ်သက်ပြီး ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ” ဒါဟာ ပရီးမီးယားလိဂ် ရဲ့ သဘာဝပါပဲ ။ သူတို့ဟာ ရာသီ အစ အရမ်းကောင်းခဲ့ပါတယ် ။ အရည်အသွေးကောင်းတဲ့ ကစားသမား တွေလည်း ရှိနေသလို ၊ အံ့သြဖွယ် ၊ ကမ္ဘာ့ အကောင်းဆုံး မန်နေဂျာ တယောက် ကိုလည်း ပိုင်ဆိုင်ထားပါတယ် ။ “

” ပရီးမီးယားလိဂ် ဟာ ရက်စက်လွန်းပါတယ် ။ သူတို့ဟာ ဒဏ်ရာ ပြဿနာ အနည်းငယ် နဲ့ ရင်ဆိုင်ထားရပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး ဟာ ကိုယ့် အခိုက်အတန့် ကိုယ်စီ ဖြစ်ပြီး ၊ ရလဒ် အပြောင်းအလဲ ဖြစ်တတ်ခြင်း ရဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံရတတ်ပါတယ် ။ ဒါပေမယ့် ဒါတွေက ကျွန်တော့ ရဲ့ အဲဗာတန် နဲ့ ပွဲအတွက် ချဉ်းကပ်ပုံ ကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး ။ “

” သူတို့ဟာ အရမ်း အရမ်း ကောင်းတဲ့ ပြိုင်ဖက် တသင်း ဖြစ်ပါတယ် ။ တဦးချင်း စွမ်းဆောင်ရည် နဲ့ ပွဲတိုင်းကို အနိုင်ကစားနိုင်တဲ့ အရည်အသွေးမျိုးလည်း ရှိပါတယ် ။ ကျွန်တော် တို့ဟာ သူတို့ရဲ့ အားသာချက်တွေ ၊ အန္တရာယ် ပြုနိုင်တဲ့ အနေအထားတွေကို သေသေချာချာ လေ့လာ အကဲခတ်နေရပါတယ် ။ “

” မနှစ်က ဂွတ်ဒီဆင်ပါ့ခ် မှာ သူတို့ ဘယ်လောက် အထိ မာကျောတယ် ဆိုတာ တွေ့ခဲ့ပြီးပါပြီ ။ အဲ့ဒီတုန်းက ဒွန်ကန် ဖာဂူဆန် က ယာယီ မန်နေဂျာ အဖြစ် အဲဗာတန် ကို ကိုင်တွယ်ခဲ့တာပါ ။ အခု အချိန် အထိလည်း သူဟာ အဲဗာတန် နည်းပြ အဖွဲ့ဝင်ထဲမှာ ရှိနေဆဲပါ ။ ဒီတော့ ဒီပွဲဟာ ကျွန်တော်တို့ အတွက် ခက်ခဲလာဦးမယ် ဆိုတာ သတိထားသင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular