spot_img

ဒဏ်ရာအခြေအနေအခက်အခဲအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ရစ်ချာလီဆင်

တော့တင်ဟမ်တိုက်စစ်မှူး ရစ်ချာလီဆင်က နောက်ဆုံးဒဏ်ရာအခြေအနေဟာ ခက်ခဲကြောင်း ဝန်ခံပြောကြားခဲ့ပြီး နောက်ထပ်အနားယူရမယ့်အနေအထားနဲ့ရင်ဆိုင်နေရပါတယ်။ ဘရာဇီးသားဟာ ဗီလာကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဆိုလန်ကီရဲ့ ၄ ဂိုးမြောက်ကို ဖန်တီးပေးပြီးနောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ ရစ်ချာလီဆင်အနေနဲ့ ဘယ်ဘက်တံကောက်ကြောဒဏ်ရာဖြစ်နိုင်ချေများနေတယ်လို့ သိရပါတယ်။ တော့တင်ဟမ်ဟာ အခုအပတ်မှာ ရစ်ချာလီဆင်အခြေအနေကို စစ်ဆေးမှာဖြစ်ပြီး ဘယ်လောက်နားရမလဲဆိုတာကို အတိအကျသိရဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။

myan789

“အဲ့တာက ခက်ခဲတဲ့အခြေအနေတစ်ခုပါ။ နောက်တစ်ကြိမ်ထပ်ဖြစ်ပါပြီ။ ကျွန်တော် အလုပ်ကြိုးစားပြီး ကစားခွင့်ရလို့ အရမ်းပျော်နေပါတယ်။ ဒါပေမယ့် အခုနောက်တစ်ကြိမ်ဒဏ်ရာထပ်ရခဲ့ပြန်ပါပြီ။

အခုလက်ရှိမှာ ကျွန်တော်ဘယ်လိုခံစားရလဲဆိုတာကို ပြောကြားဖို့ ခက်ခဲပါတယ်။ ကျွန်တော့်အတွက် ဆုတောင်းပေးပါ။ ဘုရားသခင်က ကျွန်တော့်ကို ကာကွယ်ပေးဖို့ မျှော်လင့်ပါတယ်”လို့ ရစ်ချာလီဆင်က အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

ရစ်ချာလီဆင်ဒဏ်ရာပြဿနာက သူ့အတွက်တင်မဟုတ်ပဲ တော့တင်ဟမ်အတွက်ပါ ခေါင်းခဲစရာဖြစ်လာခဲ့ပါတယ်။

“ကျွန်တော်တို့ အချိန်တော်တော်များများသူနဲ့ရှိနေပါတယ်။ ဒါပေမယ့် အဲ့တာက ပြန်လည်ထူထောင်ရေး နဲ့ ဒဏ်ရာသက်သာအောင်တင်မဟုတ်ပါဘူး။ ကျွန်တော်တို့ သူ့ရဲ့ကြံ့ခိုင်မှုအပိုင်းမှာပါ သေချာလေးလုပ်ဆောင်ပါတယ်။

Tottenham Richarlison the injury after setting up Solanke's fourth goal in the 4-1 win over Villa.

သူက အရမ်းကိုမှအလုပ်ကြိုးစားတဲ့သူပါ။ အခုလည်း ဒီအခြေအနေကို သူအလုပ်ကြိုးစားပြီး ကျော်ဖြတ်နိုင်မှာပါ။ ရာသီကြိုခရီးစဉ်တုန်းက သူ့အတွက် တစ်ဦးတည်းလေ့ကျင့်စေခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ သူ့ဒဏ်ရာအခြေအနေက ရက်သတ္တပတ်တော်တော်ကြာတာကြောင့်ပါ။ ဒါပေမယ့် ကျွန်တော်တို့ နောက်ဆုံးရက်သတ္တပတ်တွေမှာ အသုံးပြုခဲ့တဲ့နည်းလမ်းတွေက သူ့အတွက် တော်တော်လေးအဆင်ပြေခဲ့ပါတယ်”လို့ ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟာ လာမယ့်ကြာသပတေးနေ့မှာ ဂါလာတာစာရေးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် တနင်္ဂနွေနေ့မှာ အစ်ဝှစ်တောင်းအသင်းနဲ့ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular