အေစီမီလန်အသင်းဝါရင့်တိုက်စစ်မှူး မန်ဇူကစ်သည် ဒဏ်ရာပြဿနာကြောင့် အနားယူခဲ့ရသည့် မတ်လအတွက် လစာမယူရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အသက်(၃၄)နှစ်ရှိပြီဖြစ်သည့် ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်သည် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောက်ရှိလာသူဖြစ်ပြီး (၆)လစာချုပ် ချုပ်ဆိုထားသည်။
သို့သော် ၎င်းသည် ခြေချင်းဝတ်နှင့် <ကက်သား ဒဏ်ရာကြောင့် (၅)ပွဲသာ ကစားခွင့်ရထားပြီး ဖေဖော်ဝါရီနောက်ပိုင်း အနားယူနေရသည်။
ထို့ကြောင့် မန်ဇူကစ်က မတ်လအတွက်ရရှိမည့်လစာကို မီလန်ဖောင်ဒေးရှင်းသို့လှူဒါန်းရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
၎င်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အေစီမီလန်အသင်းဥက္ကဋ္ဌ စကာရိုနီက ”ဒါက မာရီယိုမန်ဇူကစ်အနေနဲ့ သူ့ရဲ့ကျင့်ဝတ်နဲ့ ပရော်ဖက်ရှင်နယ်ပီသမှုအရ မီလန်အပေါ် လေးစားမှုထားတယ်ဆိုတာ ပြသလိုက်တာပါ”ဟု ချီးကျူးပြောကြားသည်။