ဝက်စ်ဟမ်းကွင်းလယ်ကစားသမားရိုက်စ်သည် မန်ယူမှ ကာဆီမီရိုနှင့် အာဆင်နယ်မှ ပါတေးတို့ထက်ပို၍ ကောင်းသော ကစားသမားဖြစ်ကြောင်း ၎င်း၏အင်္ဂလန်အသင်းဖော် ထရစ်ပီယာက ပြောဆိုလိုက်သည်။
ရိုက်စ်ကို တန်ကြေးပေါင်သန်း ၁၂၀ ခန့်ရှိသည်ဟု ဝက်စ်ဟမ်းအသင်းက သတ်မှတ်ထားပြီး ၎င်းသည် လာမည့်နွေရာသီတွင် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတစ်သင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသည်။
နယူးကာဆယ်အသင်းခေါင်းဆောင်ထရစ်ပီယာက “ရိုက်စ်ရဲ့ခြေစွမ်းက အံ့အားသင့်စရာတောင် ကောင်ပါတယ်။ သူ့ရဲ့ဘောလုံးနဲ့ပတ်သက်တဲ့ နားလည်မှု အသင်းရဲ့ကစားကွက်ကိုတည်ဆောက်သွားပုံ သူ့ရဲ့မာန်ပါပုံတွေက မယုံနိုင်စရာပါ။ သူ့နေရာမှာကစားတဲ့သူတွေထဲမှာတော့ ရိုက်စ်က ကမ္ဘာ့အကောင်းဆုံးထဲကတစ်ယောက်လို့ ပြောရပါလိမ့်မယ်။ ကာဆီမီရိုက သူရခဲ့တဲ့ ချန်ပီယံလိဂ်အပါအဝင် အခြားဆုဖလားတွေကြောင့် ကမ္ဘာ့အဆင့်ဆိုတာမှန်ပါတယ်။ ကျွန်တော်ပြောတာကို မှားယွင်းနားလည်တာမျိုးမဖြစ်စေချင်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ ရိုက်စ်လုပ်ပြနေတာက သိပ်ကို ကောင်းနေတာပါ။ သူက အသက်ကလည်း သူ့ဘက်မှာရှိနေတယ်”ဟု ထရစ်ပီယာက ပြောသည်။