spot_img

ထိပ်ဆုံး (၄)သင်းစာရင်းဝင်ရောက်နိုင်မည့်အခွင့်အရေးကို အရယူနိုင်ခဲ့ပြီဟု ချယ်လ်ဆီးနည်းပြ တူဟယ်လ် ပြောကြား

ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်က သူ၏အသင်းအနေဖြင့် ထိပ်ဆုံး(၄) သင်းစာရင်း ဝင်ရောက်နိုင်မည့်အခွင့်အရေးကို အမိအရယူနိုင်ခဲ့သည်ဟု နယူးကာဆယ်အ သင်းအား (၂-ဝ)ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၄)အပြီးတွင် ဝက်စ်ဟမ်းနှင့် အမှတ်တူ (၄၂) မှတ်ဖြင့် အဆင့် (၄) နေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

myan789

ယင်းပွဲတွင် ချယ်လ်ဆီးအသင်းအတွက် ဂိုးများကို ဂျရူး(၃၁ မိနစ်)၊ ဗာနာ(၃၉ မိနစ်)တို့က သွင်းယူခဲ့ပြီး နည်းပြ တူဟယ်လ်လက်ထက်တွင် ပရီးမီးယားလိဂ်နောက်ဆုံး (၄)ပွဲဆက် အနိုင်ကစားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် တူဟယ်လ် ကိုင်တွယ်သည့် ပရီးမီးယားလိဂ် ပထမဆုံး (၅)ပွဲတွင် (၁၃) မှတ်အထိ ရရှိခဲ့ကာ ယင်းမှာ မော်ရင်ဟို၏စွမ်းဆောင်ရည်နှင့် တူညီခဲ့ပြီး အန်ဆယ်လော့တီနှင့် ဆာရီ(၁၅ မှတ်စီ)တို့ထက်မူ (၂)မှတ်လျော့နည်းခဲ့သည်။

ထို့ပြင် ပရီးမီးယားလိဂ် ပထမဆုံး (၅)ပွဲတွင် (၁)ဂိုးသာပေးထားရမှုမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် မော်ရင်ဟို(ချယ်လ်ဆီး)နှင့် ပီတာတေလာ(လက်စတာ)တို့ပြီးနောက် တတိယမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

“အလွန်ကောင်းတဲ့ညတစ်ညဖြစ်သလို၊ ပြည့်စုံတဲ့ ညနေခင်းတစ်ခုပါပဲ။ ကျွန်တော်တို့ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ အခွင့်အရေးရှိတယ်ဆိုတာ သိခဲ့ပြီး ဒီအခွင့်အရေးကိုလည်း အရယူခဲ့ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့ ခြေလှမ်းကြီးတစ်ရပ်ကို စတင်လှမ်းခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ကျွန်တော်တို့ စိတ်ဓာတ်ပြင်းပြမှုနဲ့ သန္နိဌာန် ကို ဆုံးရှုံးခံလို့မဖြစ်ပါဘူး”ဟု တူဟယ်လ်က ပြောကြားခဲ့သည်။

ထို့ပြင် တူဟယ်လ်က နယူးကာဆယ်နှင့်ပွဲတွင် အံ့အားသင့်ဖွယ်ပွဲထွက်ခွင့်ရခဲ့သူ ဂိုးသမား ကယ်ပါအနေဖြင့် ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်ဟု ပွဲအပြီးတွင် ချီးကျူးခဲ့သည်။

ကယ်ပါသည် ချယ်လ်ဆီးအသင်းသို့ မန်ဒီ ရောက်လာပြီးကတည်းက အနာဂတ်လှုပ်ခတ်ခဲ့ပြီး ယခုရာသီတွင် (၃)ပွဲသာ ကစားခွင့်ရရှိခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular