သတင်းတွေအရ အာဆင်နယ်ရဲ့အဓိကနောက်ခံလူ ဆာလီဘာတစ်ယောက် တံကောက်ကြောဒဏ်ရာကြောင့် ၂ ပတ်လောက်နားရမယ်လို့ သိရပါတယ်။ ဆာလီဘာဟာ အဆိုပါဒဏ်ရာကြောင့် ဗီလာကို ၂-၂ သရေကျခဲ့တဲ့ပွဲရဲ့ပွဲထွက်လူစာရင်းမှာ မပါဝင်လာခဲ့တာဖြစ်ပါတယ်။ အာတီတာကတော့ ပြင်သစ်သားအခြေအနေဟာ အရမ်းဆိုးဝါးတဲ့အနေအထားမဟုတ်ပဲ ကြိုတင်ကာကွယ်ချင်တာကြောင့် မထည့်သွင်းခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
အခုချိန်မှာတော့ ဆာလီဘာအခြေအနေက ၂ ပတ်လောက်နားရမယ်လို့ အတည်ပြုလာခဲ့တာဖြစ်ပြီး ၃ ပွဲလောက်လွဲချော်နိုင်တယ်လို့ သိရပါတယ်။ သတင်းတွေအရ ဆာလီဘာအနေနဲ့ လာမယ့် ချန်ပီယံလိဂ် ၂ ပွဲအပြင် ဝုဗ်နဲ့ပရီးမီးယားလိဂ်ပွဲကိုပါ လွဲချော်မယ်လို့ သိရပါတယ်။
ဂီရိုနာအသင်းနဲ့ပွဲအပြီးမှာ အာဆင်နယ်ဟာ မန်စီးတီးနဲ့ အမ်းမရိတ်မြေမှာ ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲကိုပါ လွဲချော်မှာကို အာဆင်နယ်ဘက်က စိုးရိမ်နေပါတယ်။ အာဆင်နယ်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ပွဲအဖြစ် ဒိုင်နမိုဇာဂရက်ဘ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။