ရီးယဲလ်မက်ဒရစ်အသင်း၏ တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် တံကောက်ကြောဒဏ်ရာကြောင့် (၈)ပတ်ခန့်အနားယူရမည်ဖြစ်ကြောင်း စပိန်အားကစား သတင်းစာ AS က ဖော်ပြခဲ့သည်။ အသက် (၃၂)နှစ်အရွယ် ရှိ ဝေးလ်စ်လက်ရွေးစင်တောက်ပံကစားသမား ဂါရတ် ဘေးလ်သည် ၎င်းင်းကာလရှည်ခံစားနေရသည့် တံကောက် ကြောဒဏ်ရာကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်ပြီး ရီးယဲလ် မက်ဒရစ်အသင်း၏ ပြိုင်ပွဲစုံပွဲစဉ် (၁၁)ပွဲခန့်ကို လွဲချော် မည်ဖြစ်ကြောင်း သိရသည်။
ဂါရတ်ဘေးလ်သည် ပြီးခဲ့သည့်ရက်သတ္တပတ်က ၎င်းင်း၏ညာဘက်တံကောက်ကြော ကြွက်သားနာကျင်မှု ဝေဒနာကိုခံစားရသည့်အတွက် အသင်း၏လေ့ကျင့်ခန်း အစီအစဉ်ကို ပျက်ကွက်ခဲ့ပြီး ဆေးစစ်ဆေးမှုများပြုလုပ် ပြီးနောက် အနည်းဆုံး (၈)ပတ်ခန့် အနားယူရမည်ဖြစ် ကြောင်း သတင်းများထွက်ပေါ် ခဲ့ခြင်းဖြစ်သည်။ ဂါရတ် ဘေးလ်သည် ပြီးခဲ့သည့် စက်တင်ဘာ (၁၃)ရက်နေ့က ယှဉ်ပြိုင်ခဲ့သော ဆယ်လ်တာဗီဂိုနှင့် လာလီဂါပွဲစဉ်အား ယင်းဒဏ်ရာကြောင့် လွဲချော်ခဲ့သလို၊ အင်တာမီလန်အ သင်းနှင့်ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်၊ ဗလင်စီယာနှင့် လာလီဂါပွဲစဉ်တို့ကိုလည်း လွဲချော်ခဲ့သည်။ ဂါရတ်ဘေးလ်သည် နည်းပြ အန်ဆယ်လော့တီလက် အောက်၌ ရီးယဲလ်အသင်းအတွက် ယခုရာသီအစပွဲစဉ်များ တွင် ပွဲထွက်ကစားခွင့်များ ပြန်လည်ရရှိနေသူဖြစ်ပြီး ပြီးခဲ့ သည့် နိုင်ငံတကာရက်သတ္တပတ်တွင်လည်း ဝေးလ်စ် လက်ရွေးစင်အသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။ သို့သော် ယခုဒဏ်ရာအခြေအနေကြောင့် ဘေးလ်အနေ ဖြင့် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အနာဂတ်ပါ စိုးရိမ်စရာ ဖြစ်လာခဲ့ပြီး ၎င်းင်း၏ကြံ့ခိုင်မှုအခြေအနေမှာ နည်းပြအန် ဆယ်လော့တီအတွက် စိတ်ပျက်စရာဖြစ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
၂၀၁၃ ခုနှစ်နွေရာသီအပြောင်းအရွှေ့က စပါးအသင်း မှရီးယဲလ်အသင်းသို့ရောက်ရှိလာခဲ့သော ဂါရတ်ဘေးလ် သည် ၎င်းင်း၏ရီးယဲလ်မက်ဒရစ်ကစားသမားဘဝတွင် ယခု ဒဏ်ရာအပါအဝင် ဒဏ်ရာပြဿနာ (၂၄)ကြိမ်အထိကြုံ တွေ့ခဲ့ပြီး ယင်းဒဏ်ရာပြဿနာများကြောင့် လွဲချော်ခဲ့ရ သည့်ပွဲစဉ်မှာလည်း ပြိုင်ပွဲစုံ (၁၀၃)ပွဲအထိရှိနေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ ဂါရတ်ဘေးလ်သည် ဒဏ်ရာပြဿနာများကြောင့် နောက် ပိုင်းနှစ်များတွင် ရီးယဲလ်အသင်း၌ ပုံမှန်ပွဲကစားခွင့် ပျောက် ဆုံးခဲ့သူဖြစ်ပြီး ၎င်းင်း၏ကြံ့ခိုင်မှုအခြေအနေနှင့်ပတ်သက် ၍လည်း ပရိသတ်များက မကြာခဏဆိုသလို ဝေဖန်ပြစ် တင်မှုများရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဂါရတ်ဘေးလ်နှင့် ရီးယဲလ်မက်ဒရစ်အသင်း တို့၏ စာချုပ်သက်တမ်းမှာ လာမည့် ၂၀၂၂ နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်းအနေဖြင့် ကြံ့ခိုင်မှု နည်းပါးနေသည့် ဂါရတ်ဘေးလ်နှင့် စာချုပ်သက်တမ်းတိုး ဖွယ်မရှိကြောင်းလည်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြ သည်။ လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်း၌ ဂါရတ် ဘေးလ်အပါအဝင် ဖာလန်းမန်ဒီ၊ မာဆယ်လို၊ တိုနီကရို့စ်၊ စီဘယ်ယော့စ်နှင့် မာရီယာနိုတို့မှာ ဒဏ်ရာပြဿနာများ ကြုံတွေ့နေကြောင်း သိရသည်။