တော့တင်ဟမ်အသင်းနည်းပြ ပိုစတီကိုဂလူက မိမိတို့အသင်းဟာ နေရာပေါင်းစုံမှာ တိုးတက်လာကြောင်း ပြောကြားလိုက်ပါတယ်။ တော့တင်ဟမ်ဟာ လာမယ့်ကြာသပတေးနေ့မှာ ဘုန်းမောက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ၁၃ ပွဲမှာ ၆ ပွဲနိုင် ၊ ၅ ပွဲအရေးနိမ့် ၊ ၂ ပွဲသရေကျကာ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ အစ်ဝှစ်တောင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့အရေးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့လတုန်းက တော့တင်ဟမ်ဟာ စီးတီးကို အဝေးကွင်းမှာ ၄ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့အပတ်တုန်းကတော့ ဥရောပမှာ ရိုးမားအသင်းကို ၂-၂ သရေကျခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘုန်းမောက်နဲ့ပွဲမတိုင်ခင် ပိုစတီကိုဂလူက မိမိတို့အသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ နေရာပေါင်းစုံမှာ တိုးတက်လာပါတယ်။ ဂိုးအများကြီးသွင်းယူနိုင်သလို ခံစစ်ကလည်း အကောင်းဆုံးလုပ်ဆောင်ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကထက် ပိုပြီးတည်ငြိမ်လာပါတယ်။ အချက်အလက်အနည်းငယ်လောက် ကျွန်တော်တို့ ပြတ်လပ်နေပါတယ်။ အဲ့တာကို လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ကနဲ့ဆင်တူတဲ့ဖြစ်ရပ်တွေလည်း ရှိပါတယ်။
အဲ့တာကို သေချာလေးပြန်လည်ပြင်ဆင်ရပါမယ်။ အဝတ်လဲခန်းထဲမှာတော့ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့ ပွဲအနည်းငယ်လောက် အဆင်မပြေခဲ့ပါဘူး။ အဲ့ထဲမှာ ပဲလေ့စ် ၊ အစ်ဝှစ်တောင်းတို့နဲ့ပွဲတွေပါဝင်နေပါတယ်။ အဲ့ပွဲတွေမှာ ကျွန်တော်တို့ လိုချင်သလိုမဖြစ်ခဲ့ပါဘူး။ မှားခဲ့တဲ့နေရာတွေကို ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်ကကြည့်ရင် ကျွန်တော်တို့ နေရာပေါင်းစုံမှာတိုးတက်လာပါတယ်”လို့ ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။