ယူနိုက်တက်နည်းပြ အာမိုရင်က မိမိတို့အသင်းဟာ တော့တင်ဟမ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ အချိတ်အဆက်မမိခဲ့ကြောင်း ဝေဖန်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ တော့တင်ဟမ်ကို ပထမပိုင်းအပြီးမှာ ၃ ဂိုးပြတ်ဦးဆောင်ခွင့်ပေးထားခဲ့ရပေမယ့် ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဆုံးသတ်မှာ ဆွန်ဟောင်မင်ရဲ့ ၄ ဂိုးမြောက်ဂိုးက ယူနိုက်တက်အတွက် အဆုံးအဖြတ်ဖြစ်ခဲ့ပြီး ကွာတားဖိုင်နယ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပွဲအပြီးမှာ အာမိုရင်က “ကျွန်တော်တို့ ဒုတိယပိုင်းအစမှာ အချိတ်အဆက်မမိခဲ့ပါဘူး။ အဲ့တာက ကျွန်တော်တို့အတွက် ခက်ခဲစေခဲ့ပါတယ်။၁၀ မိနစ် လောက်ပါပဲ။ အဲ့နောက် ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။
ပွဲကိုပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့က အကောင်းဆုံးအသင်းဖြစ်ခဲ့ပြီး တော့တင်ဟမ်က အဆုံးသတ်ပိုသေချာတဲ့အသင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အဆုံးအထိ တိုက်ပွဲဝင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့ပါတယ်။ ကောင်လေးတွေအတွက် အခုလိုလုပ်ပြနိုင်တာက တကယ်အရေးပါခဲ့ပါတယ်။
ဒီလိုပွဲမျိုးမှာ ကျွန်တော်တို့ ဂိုးတွေပေးလိုက်ရပြီးနောက် ဘောလုံးပိုင်ဆိုင်မှုကို ဆက်ထိန်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့အစား ကျွန်တော်တို့ အစပိုင်းမှာ ဘောလုံးတွေဆုံးရှုံးခဲ့သလို ကစားကွက်တည်ရာမှာလည်း ဆိုးဝါးခဲ့ပါတယ်။ အဲ့အခြေအနေတွေက ဂိုးတွေပေးလိုက်ရတာဖြစ်ပြီး ပြန်လာနိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ကျွန်တော်တို့ အနိုင်ရဖို့ မလုံလောက်ခဲ့ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။
အသင်းရဲ့တိုက်ခိုက်လိုစိတ်ကို အာမိုရင် ချီးကျူးခဲ့ပေမယ့် ယူနိုက်တက်ဟာ ပထမဆုံးဆုဖလားအောင်မြင်မှုနဲ့ လွဲချော်ခဲ့ပြီဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ ဘုန်းမောက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။