spot_img

တောင်အာရှလူမျိုးများကို ပရော်ဖက်ရှင်နယ်ဘောလုံးလောကတွင် နေရာရရန် ကူညီပေးသွားမည်ဟု ဖီနာဘာချီကွင်းလယ်လူ အိုဇေးလ် ဆို

တူရကီကလပ် ဖီနာဘာချီအသင်း၏ ဂျာမန်ကွင်းလယ်လူ အိုဇေးလ်က မိမိအနေဖြင့် တောင်အာရှလူမျိုးများကို ပရော်ဖက်ရှင်နယ်ဘောလုံးလောကတွင် နေရာရရန် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်တွင် တောင်အာရှလူမျိုး (၃)သန်း နေထိုင်ပြီး ယင်းမှာ ဗြိတိန်လူဦးရေ၏ (၇)ရာခိုင်နှုန်း ဖြစ်ကြောင်းလည်း သိရှိရသည်။

myan789

သို့သော် လက်ရှိ အင်္ဂလန် ပရော်ဖက်ရှင်နယ်ဘောလုံးလောကတွင် ကျင်လည်နေသည့် တောင်အာရှကစားသမား (၁၁)ဦးသာရှိကြောင်း သိရှိရသည်။

ထို့ကြောင့် ဂျာမန်လက်ရွေးစင်ဟောင်း အိုဇေးလ်သည် Football for Peace အဖွဲ့အစည်း၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တို့နှင့် ပူးပေါင်းကာ ဘရက်ဖို့ဒ်မြို့တွင် မီဆွတ်အိုဇေးလ်တိုးတက်ရေးစင်တာကို ဖွင့်လှစ်ခဲ့ပြီး ကလေးသူငယ်များအတွက် ဘောလုံးနှင့် ဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းများကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘရက်ဖို့ဒ်မြို့မှာ တောင်အာရှလူမျိုးအများစု နေထိုင်ရာဖြစ်ပြီး အိုဇေးလ်က တောင်အာရှလူမျိုးများကို အခွင့်အလမ်းသစ်များ ဖန်တီးပေးသွားရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။

အိုဇေးလ်က ”ဗြိတိန်မှာ တောင်အာရှလူမျိုးတွေကို ဘောလုံးပွဲတွေမှာ ပရိသတ်အဖြစ် ခွင့်ပြုထားတာလား သိချင်ခဲ့ပါတယ်။ သူတို့ကို ဘာလို့ ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ မမြင်ရတာလဲ သိချင်ခဲ့တာပါ။ ကျွန်တော်ဟာ တူရကီနွယ်ဖွား ဂျာမန်တစ်ယောက်ဖြစ်လို့ ဒီလိုစိန်ခေါ်မှုတွေကို ကောင်းကောင်းနားလည်ပြီး ဒီစင်တာက တောင်အာရှလူမျိုးစုတွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်ဖို့မျှော်လင့်ပါတယ်”ဟု ဆိုခဲ့သည်။

လက်ရှိ ဗြိတိန်တွင် တောင်အာရှလူမျိုးစုမှ ပရော်ဖက်ရှင်နယ်ဘောလုံးလောကတွင် ကျင်လည်သူမှာ (၀.၂၅)ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular