၂၀၂၂ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲကြောင့် ယခုတစ်ပတ် ဥရောပထိပ်သီးလိဂ်ငါးခုကို လွဲချော်မည့် တောင်အမေရိက ကစားသမားအရေအတွက်မှာ ၇၀ ကျော်အထိရှိနေကြောင်း သိရသည်။
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် မတ်လအတွင်း ရွှေ့ဆိုင်းခဲ့ရသည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်နှစ်ခုကို စက်တင်ဘာနှင့် အောက်တိုဘာတွင် အစားထိုး ပြန်လည်ကစားစေသောကြောင့် တောင်အမေရိကဇုန်အသင်းများအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာတွင် ခြေစစ်ပွဲသုံးပွဲစီ ယှဉ်ပြိုင် ကစားခဲ့ရသည်။
အောက်တိုဘာအတွက် နောက်ဆုံးပွဲစဉ်ကို ကြာသပတေးနေ့ (မြန်မာစံတော်ချိန် သောကြာနေ့ နံနက်အစောပိုင်း) တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ဥရောပထိပ်သီးလိဂ် ပြိုင်ပွဲငါးခုအနက် ဘွန်ဒစ်လီဂါနှင့် လီဂူး-၁ ပြိုင်ပွဲကို သောကြာနေ့နှင့် ကျန်လိဂ်သုံးခုကို စနေနေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်ရာ ယင်းပွဲစဉ်များကိုလွဲချော်မည့် တောင်အမေရိက ကစားသမားအရေအတွက် ၇၀ ကျော် အထိ ရှိနေခြင်းဖြစ်သည်။
၎င်းတို့မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ၁၆ ဦး၊ လာလီဂါပြိုင်ပွဲမှ ၁၈ ဦး၊ စီးရီးအေပြိုင်ပွဲမှ ၂၄ ဦး၊ ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှ နှစ်ဦးနှင့် လီဂူး-၁ ပြိုင်ပွဲမှ ၁၁ ဦး၊ စုစုပေါင်း ၇၁ ဦးဖြစ်ကြောင်း သိရသည်။ ပရီး မီးယားလိဂ်ကလပ်များအနေဖြင့် ၎င်းင်းတို့ ကစားသမားများကို သီးသန့်လေယာဉ်ဖြင့် သွားရောက်ခေါ်ယူရန် စီစဉ်ထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး လာလီဂါ ပြိုင်ပွဲမှာမူ ဂရန်နာဒါ-အက်သလက်တီကို၊ ရီးယဲလ်မက်ဒရစ်-ဘီလ်ဘာအို ပွဲစဉ်နှစ်ပွဲ ကို ရွှေ့ဆိုင်းပေးထားကြောင်း သိရသည်။
ယခုတစ်ပတ်ပွဲစဉ်ကို လွဲချော်မည့်သူများ
ပရီးမီးယားလိဂ်
အယ်လစ်ဆန်၊ ဖာဘင်ညို (လီဗာပူးလ်)၊ အီဒါဆန်၊ ဂျေးဆူး (မန်စီးတီး)၊ ဖရက်ဒ်၊ ကာဗာနီ (မန်ယူ)၊ မာတီနက်ဇ်၊ ဒူးဂလပ်စ်လူးဝစ်ဇ် (ဗီလာ)၊ ရာဖင်ညာ (လိဒ်စ်)၊ သီယာဂိုဆေးလ်ဗား (ချယ်လ်ဆီး)၊ ယာရီမီနာ (အဲဗာတန်)၊ ရိုမဲရိုး၊ ဆယ်လ်ဆို၊ အီမာဆန်၊ ဆန်းချက်ဇ် (စပါး)၊ အယ်လ်မီရွန် (နယူးကာဆယ်)
လာလီဂါ
အန်ဇိုရော့ကို (အယ်လ်ချီ)၊ မွန်တီယဲလ်၊ အကူညာ၊ ဂိုးမက်ဇ် (ဆီဗီလာ)၊ ဒီပေါလ်၊ ကော်ရီယာ၊ ဆွာရက်ဇ် (အက်သလက်တီကို)၊ အေဘရမ်၊ မာချစ် (ဂရန်နာဒါ)၊ မီလီတို၊ ဗင်နီစီယပ်စ်၊ ဗယ်လ်ဗာဒီ (ရီး ယဲလ်)၊ ဟွမ်ဖွိုက် (ဗီလာရီးယဲလ်)၊ ပက်ဇယ်လာ၊ ရိုဒရီ ဂွက်ဇ်၊ ဘရာဗို (ဘက်တစ်)၊ အာဇာမန်ဒီယာ၊ အယ်လာ ကွန် (ကာဒစ်ဇ်)
စီးရီးအေ
ကော်ရီယာ၊ လော်တာရို၊ ဗီဒယ်လ်၊ ဆန်းချက်ဇ်၊ ဗက်စီနို (အင်တာမီလန်)၊ ဂိုဒင်၊ ကာဆာရက်စ်၊ နန်ဒက်ဇ်၊ ပယ်ရေဟို (ကာဂလီယာရီ)။ မက်ဆို (အတ္တလန္တာ)၊ ဂယ်လ်ဒါမက်စ် (ဂျီနိုအာ)၊ မိုလီနာ (အူဒီးနီးစ်)၊ ဒိုမင်ဂွက်ဇ်၊ မီဒယ်လ် (ဘိုလော့ဂ်နာ)၊ ဆာနာဘရီယာ၊ ရင်ကွန် (တိုရီနို)၊ ဒန်နီလို၊ အဲလက်စ်ဆန်ဒရို၊ ဘန်တန် ကာ (ဂျူဗင်တပ်စ်)၊ ဗီညာ (ရိုးမား)၊ ကာတာ၊ ဂွန်ဇာ လက်ဇ်၊ ပူလ်ဂါ၊ တော်ရဲရား (ဖီအိုရင်တီးနား)
ဘွန်ဒစ်လီဂါ
ပလာစီယို့စ်၊ အယ်လာရီယို (လေဗာကူဆင်)
လီဂူး-၁
ပါကေတာ (လိုင်ယွန်)၊ မာရီပန် (မိုနာကို)၊ ထရာအူကို (စိန့်အက်တီယန်)၊ မီဒီနာ၊ ဖာရီနက်ဇ် (လန်းစ်)၊ ဂါဆန် (မာဆေးလ်)