ဂါလာတာစာရေးအသင်းခေါင်းဆောင် ဖာနန်ဒိုက မော်ရင်ဟိုအနေနဲ့ တူရကီလိဂ်အဆင့်အတန်းဟာ မကိုက်ညီဘူးဆိုရင် ထွက်ခွာဖို့ တိုက်တွန်းလိုက်ပါတယ်။
မော်ရင်ဟိုဟာ အခုနွေရာသီတုန်းက ဖီနာဘာချီအသင်းကိုနည်းပြအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။ အခုလအစောပိုင်းတုန်းက မော်ရင်ဟိုတစ်ယောက် တူရကီဘောလုံးရပ်ဝန်းကို ဝေဖန်ခဲ့တာဖြစ်ပြီး ဒဏ်ငွေအပြင် ၁ ပွဲပယ်ပြစ်ဒဏ်ပါချမှတ်ခံခဲ့ရပါတယ်။
ယူနိုက်တက် နဲ့ ချဲလ်ဆီးနည်းပြဟောင်းရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ဂါလာတာစာရေးအသင်းခေါင်းဆောင် ဖာနန်ဒိုက သူ့အနေနဲ့ တူရကီလီဂ်ကို မကြိုက်ဘူးဆိုရင် ထွက်ခွာသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။
မော်ရင်ဟိုတစ်ယောက် ပရီးမီးယားလိဂ်ကိုပြန်လာဖို့ သတင်းကြီးနေပြီး နယူးကာဆယ် နဲ့ အဲဗာတန်တို့က ချိတ်ဆက်နေပါတယ်။ အသက် ၆၁ နှစ်သားဟာ ပရီးမီးယားလိဂ်ရဲ့အသင်းငယ်တွေကို ကိုင်တွယ်ဖို့လည်း လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။
“ဒီလိုတူရကီလိဂ်ကိုစော်ကားတာအပြင် ဒိုင်တွေကို တိုက်ခိုက်တာက ကျွန်တော့်ကို စိတ်ပျက်စေပါတယ်။ အခုလိုမျိုးကြားရတာက ၁၄ နှစ်အတွင်း ကျွန်တော့်အတွက် ပထမဆုံးအကြိမ်ပါ။ ကျွန်တော် ၁၄ နှစ်အတွင်း ဆုဖလား ၁၇ လုံးရယူနိုင်ခဲ့ပါတယ်။
တကယ်လို့ သူ့အနေနဲ့ ဒီလိဂ်ကိုမကြိုက်ဘူးဆိုရင် ထွက်ခွာဖို့ အကြံပေးချင်ပါတယ်။ မော်ရင်ဟိုအနေနဲ့ ဒီကိုရောက်လာတာ ၄ လပဲရှိသေးပေမယ့် အခုလိုမျိုးစော်ကားတာကို မကြိုက်ပါဘူး။
သူ့အနေနဲ့ ဒီလိဂ်နဲ့မကိုက်ညီဘူးဆိုရင် ထွက်ခွာနိုင်ပါတယ်။ ဘယ်သူမှ ဘာမှပြောမှာမဟုတ်ပါဘူး။ အခုချိန်မှာ တစ်စုံတစ်ယောက် သူ့ကိုပြောသင့်ပါပြီ။ ကျွန်တော်ေတို့ တူရကီလိဂ်အတွက် အနည်းငယ်အာရုံစိုက်ဖို့ လိုအပ်နေပါပြီ”လို့ ဖာနန်ဒိုက မော်ရင်ဟိုနဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။
အခုချိန်မှာတော့ မော်ရင်ဟိုဟာ တူရကီမြေမှာဆက်ရှိနေပြီး လာမယ့်သောကြာနေ့မှာ ဇင်းနစ်အသင်းနဲ့ ခြေစမ်းမှာဖြစ်ကာ လာမယ့်နိုဝင်ဘာ ၂၃ ရက်နေ့မှာ Kayserispor နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။