spot_img

တီမို ဗာနာ ရဲ့ အားအသန်ဆုံး ဖြစ်နိုင်ခြေ ရှိမယ့် နေရာကို ဖရန့် လမ်းပတ် အတွက် ပြောပြလာတဲ့ ဇိုလာ

ချဲလ်ဆီး အသင်း ရဲ့ ယူရိုသန်း ၅၀တန် ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ ဒီရာသီ အစောပိုင်း မှာ အထူး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ၊ နောက်ပိုင်းမှာ စွမ်းဆောင်ရည်ကောင်း မပြနိုင်ခဲ့တဲ့ အပြင် ၊ ဂိုးရဖို့ အတွက်ပါ ရုန်းကန်လာရကာ ၊ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၁ပွဲဆက် ဂိုးပေါက်ပျောက်မှုနဲ့ ရင်ဆိုင်နေရပါတယ် ။

အစောပိုင်း ပွဲစဉ်တွေမှာ ဗာနာ ဟာ ချဲလ်ဆီး အသင်း ရဲ့ အထောင် တိုက်စစ် ကို အဓိက ဦးဆောင်နေခဲ့ရပေမယ့် ၊ တောင်ပံ တိုက်စစ် နေရာတွေမှာ ဒဏ်ရာ ပြဿနာ တချို့ ရှိနေလို့ ၊ ဝင်ကူဖြည့် ကစားပေးခဲ့ရတာကို တွေ့ရပါတယ် ။ ဒါဟာ ၎င်းရဲ့ ခြေစွမ်း အပေါ် အနည်း နဲ့ အများ သက်ရောက်မှု ရှိစေပါတယ် ။

myan789

သို့ပေမယ့် ဗာနာ ဟာ နောက်ဆုံး ကစားခဲ့တဲ့ အက်စတွန် ဗီလာ ၊ မန်စီးတီး တို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲတွေမှာ အထောင် တိုက်စစ် နေရာ ကို ပြန်ရောက်လာခဲ့ပေမယ့် ၊ စွမ်းဆောင်ရာ် အပိုင်း မှာတော့ ဘာမှ မထူးခြားခဲ့သလို ၊ ဂိုးပေါက်လည်း ဆက်ပျောက်မြဲ ပျောက်နေခဲ့ပါတယ် ။

တသင်းလုံး မှာ အဖက်ဖက် က ခြေစွမ်းပြနေတဲ့ အချိန်တုန်းက ဗာနာ ရဲ့ အခန်းကဏ္ဍ က သိပ်ပြီး ထူးခြားမှု မရှိဘူး လို့ ထင်ရပေမယ့် ၊ တကယ်တမ်း နိုင်ပွဲတွေ အတွက် ဂိုးတွေ လိုအပ်တဲ့ အချိန်မှာ တောင်ပံ တိုက်စစ် နဲ့ တီမို ဗာနာ နဲ့ အပ်စပ်မှု မရှိဘူး ဆိုတာ ပိုပြီး သိသာ ထင်ရှားလာခဲ့ပါတယ် ။

ဗာနာ ခြေစွမ်းမပြနိုင်မှု နဲ့ အတူ ချဲလ်ဆီး အသင်း ရဲ့ တိုက်စစ် ကလည်း ဂိုးတွေ ဖောဖောသီသီ ရဖို့ လိုနေပြီး ၊ နည်းစနစ် နဲ့ ကစားကွက် အပြောင်းအလဲ တခုခုကို တောင်းဆိုနေတဲ့ပုံ ပေါ်နေပါတယ် ။ ချဲလ်ဆီး မှာ နောက်ချန် တိုက်စစ် ကစားသမား အဖြစ် ကစားခဲ့ဖူးတဲ့ အီတလီ ဂန္တဝင် ဂျီယန်ဖရန်ကို ဇိုလာ ကတော့ ဗာနာ ကို အထောင် တိုက်စစ်မှူး အနေနဲ့ မမြင်လိုကြောင်း ဝန်ခံခဲ့ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ ဇိုလာ က ” ဗာနာ မှာ မယုံနိုင်ဖွယ် အရည်အချင်းကောင်းတွေ ရှိတယ် လို့ ကျွန်တော် ထင်ပါတယ် ။ သူ့ရဲ့ အကောင်းဆုံး အရည်အသွေးတွေကို ရနိုင်မယ့် အနေအထား က အရှေ့မှာ နေရာလွတ် အများအပြား ရှိနေမှ ဖြစ်မှာပါ ။ “

” ပြဿနာက ချဲလ်ဆီး အသင်း ဟာ တိုက်စစ် အသားပေး ကစားတတ်တဲ့ အတွက် ၊ သူတို့နဲ့ ရင်ဆိုင်ရတဲ့ အသင်း အများစု ဟာ ခံစစ် ကို အဓိက ဦးစားပေးလာလို့ ၊ ပြိုင်ဖက် ခံစစ်ဇုန်မှာ နေရာလွတ် အများကြီး မရတတ်ပါဘူး ။ ဒီနေရာမှာ အရပ်အမောင်း ကောင်းတဲ့ အိုလီဗီယာ ဂျရူး နဲ့ တမ်မီ အေဘရာဟမ် တို့က ပိုကောင်းတဲ့ အရည်အသွေးကို ပေးနိုင်ပါတယ် ။ “

” ဒီတော့ ဗာနာ ကို ပွဲထုတ်ချင်ရင် ၊ တောင်ပံ တိုက်စစ် ကို အနည်းငယ် ပိုအသားပေးပြီး နေရာပေးတာ က ပိုပြီး လိုက်ဖက်မှု ရှိကောင်း ရှိနိုင်ပါတယ် ။ နောက်ပြီး နေရာလွတ်တွေ ရှာဖွေနိုင်ဖို့ ဆိုတာ ဗာနာ ရဲ့ လုပ်အား နဲ့ ၊ နေရာလွတ် နည်းနေတဲ့ အချိန် သူ့ရဲ့ သက်ရောက်မှု က ဘယ်လောက် အထိ ကြီးမားနိုင်သလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ် ။ “

” ဒါဟာ ချဲလ်ဆီး အတွက် အားသာချက် တချက် ဖြစ်နိုင်ပါတယ် ။ ခင်ဗျား မှာ မတူညီတဲ့ အရည်အသွေးတွေနဲ့ ကစားသမားတွေ ရှိနေရင် ၊ သူတို့ တဦးချင်းစီ ရဲ့ အားသာချက် တွေကို သေသေချာချာ နားလည်ရင် ၊ လိုသလို အသုံးချလို့ ရနိုင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ကိုယ်နဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဖက်တိုင်း က ချဉ်းကပ်ပုံချင်း တူမှာ မဟုတ်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular