spot_img

တီမို ဗာနာ ကို ပွဲထွက်ခွင့် ပျောက်အောင် လုပ်နိုင်တဲ့ ချဲလ်ဆီး ကြယ်ပွင့် ၂ဦး ရှိတယ် လို့ သတိပေးလိုက်တဲ့ ရှဝါဇာ

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မှာ လစ်ပ်ဇစ် အသင်း ကနေ ချဲလ်ဆီး အသင်း သို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ ရောက်လာခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာ ဟာ ပွဲထွက် ကစားခွင့် ရခဲ့တဲ့ ပွဲတချို့တဝက် မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ၊ နောက်ပိုင်း ကစားတဲ့ ပွဲတွေမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ် ။

အထူးသဖြင့် တောင်ပံ ကစားသမားတွေ မကြာခဏ ဒဏ်ရာ ပြဿနာ ၊ ကြံ့ခိုင်မှု ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ အချိန်တွေမှာ ဗာနာ တယောက် သူတို့ရဲ့ နေရာတွေကို ဝင်ဖြည့်ကစားရင်း ခြေစွမ်းပြဖို့ ပိုမို ရုန်းကန်လာရတာ ဆိုရင်လည်း မမှားပါဘူး ။

myan789

လောလောဆယ် ချဲလ်ဆီး အသင်း မှာ ကြံ့ခိုင်မှု အပြည့် နဲ့ ကစားနိုင်တဲ့ တောင်ပံ ကစားသမား ဆိုလို့ အမေရိကန် ဘယ်တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် တဦးတည်းသာ ရှိသေးလို့ ၊ ဗာနာ အနေနဲ့ အနည်းဆုံးတော့ ရက်သတ္တပတ် ၁ပတ် ၊ ၂ပတ်ခန့် တောင်ပံ တိုက်စစ် အတွက် ဆက်လက် ဖြည့်ကစားပေးရဖို့ များနေပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ပွဲဆက် ဂိုးပေါက် ပျောက်နေတဲ့ ဗာနာ အဖို့ မနက်ဖြန်ည မှာ ကစားမယ့် အာဆင်နယ် နဲ့ လန်ဒန်ဒါဘီ ပွဲမှာတော့ ဂိုးသွင်းခြေ ပြန်တွေ့ဖို့ ထပ်မံ ကြိုးစားရမှာ ဖြစ်ပါတယ် ။ တဖက်မှာ အထောင် တိုက်စစ်မှူးစစ်စစ်တွေ ဖြစ်ကြတဲ့ တမ်မီ အေဘရာဟမ် နဲ့ အိုလီဗီယာ ဂျရူး တို့ဟာလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသထားပါတယ် ။

ဒီတော့ တောင်ပံ ကစားသမားတွေ အားလုံး ကြံ့ခိုင်မှု ပြည့်နေရင်တောင် ၊ ဗာနာ အဖို့ အထောင် တိုက်စစ်မှာရော နေရာရပါ့မလား ဆိုတာ စိုးရိမ်စရာ ဖြစ်လာပါတယ် ။ ဖူလ်ဟမ် နဲ့ ချဲလ်ဆီး ဂိုးသမားဟောင်း မာ့ခ်ရှဝါဇာ ကတော့ တီမို ဗာနာ အနေနဲ့ ရှေ့လာမယ့် ပွဲစဉ် အနည်းငယ် အတွင်း ထူးခြားတဲ့ ခြေစွမ်းမျိုး မပြနိုင်ဘူး ဆိုရင် ၊ ပူလီဆစ် ၊ ဇီယက်ချ် တို့ရဲ့ နောက်ကောက်ချခြင်း ကို ခံရနိုင်တယ် လို့ သတိပေးခဲ့ပါတယ် ။

Stadium Astro နဲ့ တွေ့ဆုံခဲ့ရာမှာ ရှဝါဇာ က ” အကယ်၍ တီမို ဗာနာ ဟာ ပွဲချိန် အတွင်း ဂိုးမသွင်းပေးနိုင်ခဲ့ရင်တောင် ၊ အရေးပါတဲ့ အစိတ်အပိုင်း တွေမှာ ဝင်ရောက် အားဖြည့်ပေးနိုင်တယ် ၊ အသင်းဖော်တွေ အတွက် ထိရောက်တဲ့ ပံ့ပိုးမှုတွေ လုပ်ပေးနိုင်တယ် ၊ ဂိုးဖန်တီးမှုတွေ စွမ်းဆောင်ပေးနိုင်တယ် ဆိုရင် သူ့ကို ဘာကြောင့် ဆက်ပြီး ပွဲထုတ်မှာလဲ ဆိုတာ ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ ”

” တဖက်မှာ ဖရန့် လမ်းပတ် ဟာ တောင်ပံ တိုက်စစ် နေရာတွေ အတွက် ဒဏ်ရာ ပြဿနာ ၊ ကြံ့ခိုင်မှု ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းနေရပါတယ် ။ လောလောဆယ် မှာ ခရစ်တီယန် ပူလီဆစ် နဲ့ ဟာကင် ဇီယက်ချ် တို့ဟာ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် ချဲလ်ဆီး အသင်းမှာ ကစားပေးလိုက် ၊ ပြန်နားလိုက် ဖြစ်နေပါတယ် ။ ”

” အကယ်၍ ပူလီဆစ် နဲ့ ဇီယက်ချ် တို့သာ ဒဏ်ရာ ပြဿနာ အသီးသီး ကင်းစင်နေကြမယ် ဆိုရင် ၊ တီမို ဗာနာ အတွက် အခြေအနေ က ခြားနားချင် ခြားနားသွားပါလိမ့်မယ် ။ ပွဲထွက် စာရင်းထက် အရန်ခုံ မှာ ကိုယ့်ကိုယ်ကို မြင်ရကောင်း မြင်ရနိုင်ပါမယ် ။ ”

” လက်ရှိ ချဲလ်ဆီး အသင်း ရဲ့ တောင်ပံ တိုက်စစ် ပံ့ပိုးမှုအား နည်းနေတာကလည်း အချိန် အတိုင်းအတာ တခုပဲ ကြာပါလိမ့်မယ် ။ ဟတ်ဒ်ဆန် အိုဒွိုင်း ဟာလည်း မကြာခင်မှာ ဒဏ်ရာ က ပြန်လာပါတော့မယ် ။ သူဟာလည်း မကြာခဏ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရသူပါ ။ ”

” ကျွန်တော့ အတွက်တော့ တောင်ပံ တိုက်စစ် အတွက် ဒီ ကစားသမား ၃ယောက်လုံး ကြံ့ခိုင်မှု ပြည့်နေမယ် ဆိုရင် ၊ နေရာ ဖယ်ပေးရမယ့်သူ က တီမို ဗာနာ ပဲ ဖြစ်မယ် လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular