spot_img

တိုးတက်ချင်တယ်ဆိုရင် တော့တင်ဟမ်အသင်းအနေနဲ့ပြောင်းလဲရမယ်လို့ ကူလူဆက်စကီး ယူဆနေ

တော့တင်ဟမ်တောင်ပံကစားသမား ကူလူဆက်စကီးက မိမိတို့အသင်းအနေနဲ့ တိုးတက်ချင်တယ်ဆိုရင် ပြောင်းလဲရမယ်လို့ ယူဆနေပါတယ်။ တော့တင်ဟမ်ဟာ တနင်္ဂနွေနေ့တုန်းက အိမ်ကွင်းမှာ လီဗာပူးအသင်းကို ၆-၃ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ မက်ဒီဆင် ၊ ဆိုလန်ကီ ၊ ကူလူဆက်စကီးတို့ကဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့် လီဗာပူးအသင်းတိုက်စစ်က ပိုကောင်းခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာတုန်းက မန်စီးတီးကို အီတီဟက်မှာ ၄ ဂိုးပြတ်အနိုင်ရပြီးကတည်းက တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားခဲ့ပါတယ်။ ကာရာဘောင်မှာ ယူနိုက်တက်ကို ၄-၃ နဲ့အနိုင်ရခဲ့ပေမယ့် ရိန်းဂျားစ် နဲ့ ရိုးမားတို့ကို ယူရိုပါလိဂ်မှာ သရေကျခဲ့ပါတယ်။

myan789

လာမယ့်ဘောက်ဆင်ဒေးမှာ တော့တင်ဟမ်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ပိုစတီကိုဂလူက နည်းစနစ်ပိုင်းကို အပြောင်းအလဲလုပ်ဖွယ်မရှိတာဖြစ်ပါတယ်။ ကူလူဆက်စကီးကတော့ တော့တင်ဟမ်အနေနဲ့

Kulusevski believes Spurs must make changes if they want to improve

တိုးတက်ချင်တယ်ဆိုရင် အလှည့်ကျချဉ်းကပ်သင့်တယ်လို့ ထင်မြင်နေပါတယ်။အင်တာဗျူးတစ်ခုမှာ ဆွီဒင်သားက “တကယ်လို့ အသင်းအနေနဲ့ ရလဒ်ကောင်းလိုချင်တယ်ဆိုရင် ဖြစ်နိုင်ချေရှိတာကို ပြောင်းလဲရပါမယ်။ ရုပ်ပိုင်းဆိုင်ရာအနေအထားကို ကြည့်ရပါမယ်။

ဘယ်သူက ဘယ်လောက်ကစားထားလဲ။ ပြီးတော့ ဘယ်သူက ကစားရတဲ့အချိန်ပိုများလဲဆိုတာရယ် ဘယ်သူက အနားရလဲဆိုတာရယ်ကို ကြည့်ရပါမယ်။ ခင်ဗျားအနေန့ အရာအားလုံးလုပ်ဆောင်မယ်ဆိုရင် အဲ့တာက ဘဝနဲ့ဆင်တူပါတယ်။ အဖြူ နဲ့ အမည်းမဟုတ်ပါဘူး။ အများကြီးလုပ်ဆောင်ရပါမယ်။ ပွဲအပေါ်ချဉ်းကပ်တဲ့ပုံစံကိုပြောင်းလဲရပါမယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ တိုးတက်ချင်တယ်ဆိုရင် နည်းလမ်းတွေရှာရပါမယ်။ လီဗာပူးကို ဘောလုံးပိုပေးထားသလိုဖြစ်နိုင်ပါတယ်။ အဲ့တာက ကျွန်တော်တို့ ကစားတာမျိုးမဟုတ်ပါဘူး။

ကျွန်တော်တို့ အရာအားလုံးပေးထားသလိုဖြစ်နေပါတယ်။ အဲ့တာက အလုပ်မဖြစ်ပါဘူး။ နောက်ပွဲတွေမှာ အဲ့တာကနေ သင်ခန်းစာယူဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ၆ ဂိုးပေးခဲ့ရတာကနေ သင်ခန်းစာယူရပါမယ်။ ဒီမှာထိုင်နေပြီးပြောနေလို့မရသလို နည်းနည်းချင်းပြောင်းလဲရပါမယ်။ ပိုကောင်းအောင် အမြဲတမ်းကြိုးစားနေဖို့ လိုအပ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular