ချယ်လ်ဆီးအသင်းသည် အသင်းတိုက်စစ်မှူး အေဘရာဟမ်ကို ပေါင်သန်း (၄၀)ရလျှင် လာမည့်နွေရာသီတွင် ရောင်းထုတ်မည်ဟု The Telegraph သတင်းစာက ဖော်ပြခဲ့သည်။
အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်(၂၃ နှစ်)သည် တူဟယ်လ်လက်ထက်တွင် ပွဲကစားခွင့် ပျောက်ဆုံးနေပြီး အသင်းမှထွက်ခွာမည်ဟု သတင်းထွက်နေသူဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီတွင် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်း၊ အင်တာမီလန်တိုက်စစ်မှူး လူကာကူတို့ကိုခေါ်ယူရန်အတွက် အေဘရာဟမ်ကို ရောင်းထုတ်ပြီး ငွေရှာသွားရန် စီစဉ်လာခြင်း ဖြစ်ကြောင်းလည်း The Telegraph က ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် အေဘရာဟမ်ကို လက်စတာနှင့် ဝက်စ်ဟမ်းအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းလည်း သိရသည်။