တန်းပြန်တက်လာတဲ့ လက်စတာ ၊ တန်းဆင်းသွားတဲ့ စလာနီတာလာ ၊ ချန်ပီယံဖြစ်တော့မယ့် ရီးရဲ တို့နဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညတုန်းက ကစားခဲ့တဲ့ ချန်ပီယံရှစ် ပွဲစဉ်မှာ လိဒ်ယူနိုက်တက် အသင်း ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရတာကြောင့် လက်စတာ စီးတီး အသင်းဟာ ရာသီကုန်ဖို့ ၂ ပွဲ အလိုမှာတင် ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့် ရရှိသွားခဲ့ ပါတယ် ။ လက်စတာ ဟာ ချန်ပီယံရှစ် အမှတ်ပေးဇယားမှာ ရမှတ် ၉၃ မှတ်နဲ့ ဦးဆောင်နေပြီး ချန်ပီယံဖြစ်ဖို့ အစ်ပ်ဆွစ်ချ်တောင်း အသင်းနဲ့ ဆက်လက် အားပြိုင်ရဦးမှာ ဖြစ်ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ဆလာနီတာနာ အသင်းဟာ အီတလီ အဆင့်မြင့်တန်း ကို တန်းတက်လာအပြီး ၃ ရာသီ အကြာမှာ စီးရီးဘီ ကို တန်းပြန်ဆင်းသွားခဲ့ရတယ်လို့ သိရှိရပါတယ် ။

myan789

လာလီဂါ မှာတော့ ရီးရဲမက်ဒရစ် အသင်းဟာ ဆိုဆီဒက် အသင်းကို အဝေးကွင်းမှာ လူငယ်ကြယ်ပွင့်လေး အာဒါ ဂူလာ ရဲ့ ၁ လုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိခဲ့ပြီး အမှတ်ပေး ချန်ပီယံဆုနဲ့ လက်တကမ်း အကွာကို ရောက်ရှိလာခဲ့ ပါတယ် ။

မန်ယူနိုက်တက် ကွင်းလယ်လူ မေဆင်မောင့် ကတော့ ကြံ့ခိုင်မှု ပြည့်ဝနေတာကြောင့် ဘန်လေ နဲ့ ပွဲစဉ်မှာ ပါဝင်လာနိုငိဖို့ မျှော်လင့်ထားတယ်လို့ နည်းပြ တန်ဟတ် က ပြောဆိုသွားခဲ့ပါတယ် ။

ခရစ္စတယ် ပဲလေ့စ် အသင်းကတော့ မစ်ချယ် အိုလစ် နဲ့ အီဇီ တို့ ၂ ယောက် အတွက် ပေါင် သန်း ၆၀ စီ တန်ကြေး သတ်မှတ်ထားတယ်လို့ သိရပါတယ် ။

ဖရန့်ဖတ် အသင်းဟာ အငှားခေါ်ယူထားတဲ့ PSG ကစားသမား ဟူဂို အီကီတိုက် ကို အပြီးသတ် ဝယ်ယူတော့မှာ ဖြစ်တာကြောင့် ပြင်သစ်ကလပ်ကို ယူရို ၁၆.၅ သန်း ပေးချေဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ် ။

ဖူလ်ဟမ် အသင်း နောက်ခံလူ အာဒရာဘိုင်အိုယို ကတော့ ရာသီအကုန်မှာ လန်ဒန် ကလပ် ကနေ ထွက်ခွာမှာ ဖြစ်ပြီး ဖူလ်ဟမ် ရဲ့ စာချုပ် သက်တမ်းတိုး ကမ်းလှမ်းချက်ကို ငြင်းပယ်ချခဲ့တယ်လို့ ကြားသိရပါတယ် ။

နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ် ရဲ့ စာချုပ်ထဲမှာ ပါရှိတဲ့ ပေါင် သန်း ၁၀၀ တန် စာချုပ်ဖျက်သိမ်းကြေးဟာ မေလ အကုန်ကနေ ဇွန်လ အထိ စတင် သက်ရောက်တော့မယ်လို့ သိရပါတယ် ။ အဆိုပါ ကာလလွန်သွားခဲ့ရင်တော့ စာချုပ်ဖျက်သိမ်းခွင့် မရှိတော့ဘဲ နယူးကာဆယ် က ပြောင်းရွှေ့ကြေးကို စိတ်ကြိုက် ညှိနှိုင်းခွင့် ရရှိသွားတော့မှာပဲ ဖြစ်ပါတယ် ။

ဘရာဇီး အမျိုးသမီး ဘောလုံးအသင်းရဲ့ ဂန္ထဝင် ကစားသမားကြီး မာတာ ဟာ အခုနှစ်ကုန်မှာ ဘောလုံး ကစားခြင်းကနေ အနားယူတော့မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular