နောဝစ်ချ်အသင်း၏ နည်းပြ ဒင်းန်စမစ်က လိဂ်ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရသော်လည်း လာမည့်ရာသီတွင် နောဝစ်ချ်အသင်း၌ ဆက်ရှိမည်ဟု အတည်ပြုပြောကြားခဲ့သည်။
ဒင်းန်စမစ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အက်စတွန်ဗီလာအသင်းမှ ထုတ်ပယ်ခံရပြီးနောက် နောဝစ်ချ်အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။
နောဝစ်ချ်အသင်းသည် ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွင် အက်စတွန်ဗီလာကို ရှုံးနိမ့်ပြီးနောက် တန်းဆင်းရရန် အဖြေထွက်ခဲ့ခြင်းဖြစ်သည်။
ဒင်းန်စမစ်က ”စိတ်ပျက်စရာဖြစ်ပေမဲ့ ကျွန်တော် အပြည့်အဝတာဝန်ယူပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်ဖို့ လုံလောက်မှုမရှိခဲ့ပါဘူး။ လာမယ့်ရာသီ ပြန်လာနိုင်ဖို့ ကြိုးပမ်းသွားမှာပါ”ဟု ဆိုခဲ့သည်။