Sky Sports တွင် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က မိမိအနေဖြင့် မန်ယူအသင်း၏ အမြဲတမ်းနည်းပြရာထူးအတွက် တန်ဟက်ဂ်ထက် ပိုချက်တီနိုကို ပိုသဘောကျကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် မန်ယူနည်းပြရာထူးအတွက် တန်ဟက်ဂ်မှာ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
သို့သော် ဂယ်ရီနဗီးလ်က ”မန်ယူနည်းပြရာထူးအတွက် ကျွန်တော်သာ ရွေးခွင့်ရမယ်ဆိုရင် ပိုချက်တီနိုကိုပဲ ရွေးချင်ပါတယ်။ ဒါပေမဲ့ တန်ဟက်ဂ်က မန်ယူပရိသတ်တွေ အကြိုက်တွေ့နေတဲ့နည်းပြဖြစ်ပါတယ်။ သေချာတာကတော့ မန်ယူအနေနဲ့ သူတို့ (၂) ဦးထဲက တစ်ဦးကို ရွေးပါလိမ့်မယ်”ဟု ဆိုခဲ့သည်။
စစ်တမ်းကောက်ယူမှုအချို့အရ မန်ယူပရိသတ်(၈၀%)ကျော်က တန်ဟက်ဂ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် လိုလားနေကြောင်း သိရသည်။