spot_img

တန်ဖိုးကြီးပေးထားရသည့်ကစားသမားများလည်း အရည်အသွေး အစစ်အမှန်ကို ပြသနိုင်ရန်လိုအပ်သည်ဟု ပိုချက်တီနို သတိပေး

ချယ်လ်ဆီးအသင်း၏ နည်းပြသစ် ပိုချက်တီနိုက တန်ဖိုးကြီးပေးထားရသည့် ကစားသမားများအနေဖြင့်လည်း အရည်အသွေးအစစ်အမှန်ကို ပြသနိုင်ရန်လိုအပ်သည်ဟု သတိပေး ပြောကြားခဲ့သည်။

ပိုချက်တီနိုသည် ချယ်လ်ဆီးအသင်း၏ နည်းပြသစ်အဖြစ် ဇူလိုင်(၁)ရက်တွင် အစပြုခဲ့ပြီး ယခုအချိန်မှာ အသစ်စတင်ခြင်းဖြစ်သောကြောင့် မည်သူမျှ အခွင့်အရေးပိုရမည် မဟုတ်ဘဲ ကစားသမားအားလုံး အရည်အသွေးအစစ်အမှန် ပြသနိုင်ရမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

myan789

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီတွင် ပေါင်သန်း(၆၀၀)ဝန်းကျင် အသုံးပြုကာ ကစားသမားသစ်များစွာ ခေါ်ယူခဲ့ပြီး ယင်းတို့ထဲတွင် ပေါင်သန်း(၁၀၀)ကျော်ပေးခဲ့ရသည့် အန်ဇိုဖာနန်ဒက်ဇ်၊ ပေါင်သန်း(၆၀)ကျော်ပေးခဲ့ရသည့် ဝက်စလေဖိုဖာနာနှင့် မူဒရစ်၊ ပေါင်သန်း(၅၀)ဝန်းကျင်ပေးခဲ့ရသည့် ကူကူရယ်လာနှင့် စတာလင်တို့လည်း ပါဝင်ခဲ့သည်။

သို့သော် ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့သည့်ရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ယခုနွေရာသီတွင် ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သလို၊ ရာသီသစ်အတွက် ကစားသမားအပြောင်းအလဲများစွာလည်း ထပ်မံပြုလုပ်လျက် ရှိသည်။

ဖောင်းပွနေသည့် လူစာရင်းကြောင့် ကစားသမားများစွာကို ပြန်လည်ရောင်းထုတ်နေသော်လည်း ပြီးခဲ့သည့်ရာသီက ခေါ်ယူထားသည့် တန်ဖိုးကြီးကစားသမားများမှာမူ အသင်းတွင် ဆက်ရှိနေသည့်အပြင် ကစားသမားသစ်များလည်း ထပ်မံခေါ်ယူထားသည်။

ထို့ကြောင့် ပိုချက်တီနိုက လူငယ်ကစားသမားအများစုနှင့် လက်တွဲလုပ်ဆောင်ရမည့်အခြေအနေအတွက် ကျေနပ်မိသော်လည်း စွမ်းဆောင်ရည်ကောင်းမွန်သည့် ကစားသမားများနှင့် စုဖွဲ့ထားသည့်အသင်းအဖြစ် တည်ဆောက်သွားလိုသည်ဟု ပြောကြားခဲ့သည်။

“အခုက အသစ်စတင်ချိန်ပါ။ သူတို့ရဲ့ စစ်မှန်တဲ့ အရည်အသွေးကို ပြသဖို့လိုပါတယ်။ ဒါပေမဲ့ သူတို့အတွက် သက်သောင့်သက်သာရှိမယ့် ပလက်ဖောင်းကိုလည်း ကျွန်တော်တို့ ဖန်တီးပေးဖို့ လိုပါတယ်။ ပြီးတော့ စွမ်းဆောင်ရည်ကောင်းပြပြီး တိုးတက်မှု ရှိလာစေဖို့အတွက်လည်း လုပ်ဆောင်ပေးရမှာပါ။ ဒီကစားသမားတွေက အသင်းရဲ့ ခက်ခဲတဲ့အခိုက်အတန့်မှာ ရောက်ရှိလာခဲ့ကြတာကြောင့် ဒါဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုလည်း ဖြစ်နေပါတယ်။ သူတို့ဟာ ဖိအားတွေကို ဖြတ်ကျော်နိုင်စွမ်းရှိတဲ့အကြောင်း ပြသနိုင်ဖို့ အခွင့်အရေးကိုလည်း ကျွန်တော်တို့ ပေးအပ်ဖို့ လိုအပ်ပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရာသီတွင် ချယ်လ်ဆီးအသင်း၌ ကစားသမားသစ်အများစု ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့သော်လည်း အာဂျင်တီးနားကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်မှာမူ ခြေစွမ်းပြနိုင်ခဲ့သည်။

၎င်းနှင့်ပတ်သက်၍ ပိုချက်တီနိုက “သူက တစ်နှစ်ခွဲလောက် ဆက်တိုက်ကစားနေရတာကြောင့် အနားယူဖို့ အရေးကြီးနေပါတယ်။ သူက အာဂျင်တီးနားကနေ ပေါ်တူဂီ၊ ပေါ်တူဂီကနေ ကမ္ဘာ့ဖလား၊ ကမ္ဘာ့ဖလားကနေ အင်္ဂလန်သွားနေရပြီး တစ်နှစ်ခွဲလောက် လုံးဝမရပ်နားခဲ့ရပါဘူး။ နုပျိုပြီး တက်ကြွတဲ့အရွယ်ဆိုပေမဲ့ လူငယ်ကစားသမားတွေလည်း အနားယူဖို့ လိုပါတယ်။ ပရီးမီးယားလိဂ်အကြောင်း သင်ယူဖို့လည်း လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular