spot_img

တန်ကြေး မြင့်မားနေတဲ့ အူဂါတေးကို လက်လျှော့သွားတော့မယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ဥရုဂွေး ကွင်းလယ်ခံစစ်ကစားသမား မန်နူရယ်လ် အူဂါတေးကို ခေါ်ယူသွားချင်နေပေမယ့် ပီအက်စ်ဂျီဘက်က ကစားသမားအတွက် သတ်မှတ်ထားတဲ့ တန်ကြေး မြင့်မားလွန်းနေတာကြောင့် ခေါ်ယူဖို့ လက်လျှော့သွားတော့မယ်လို့ သိရှိရပါတယ်။

ဘရာဇီးလ် ကွင်းလယ်ကစားသမားကြီး ကက်စီမဲရိုးရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာခဲ့တာကြောင့် ကွင်းလယ်ခံစစ်ပိုင်း အင်အားဖြည့်တင်းဖို့ လိုအပ်လာခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဒီနွေမှာပဲ ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိနေတဲ့ ကွင်းလယ်ကစားသမား အူဂါတေးကို ပစ်မှတ်ထားလာခဲ့ရင်း ချဉ်းကပ်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

myan789

ယူနိုက်တက်ဟာ လိုင်လီ နောက်ခံကစားသမားလေး လန်နီ ယိုရိုကို အသင်းဆီ တရားဝင် ခေါ်ယူနိုင်ခဲ့တဲ့ နေ့မှာပဲ အူဂါတေးနဲ့ပါ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိတော့ အူဂါတေးရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီနဲ့ သဘောတူညီမှု မရနိုင်သေးပဲ ဖြစ်နေရပါတယ်။

ပီအက်စ်ဂျီက အသက် (၂၃)နှစ်အရွယ် ကွင်းလယ်ကစားသမားကို ပြီးခဲ့တဲ့ နွေဈေးကွက်က စပို့တင်း လစ္စဘွန်းအသင်းကနေ ယူရို သန်း(၆၀)နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် အူဂါတေးဟာ ပီအက်စ်ဂျီအသင်းမှာ ပွဲကစားခွင့်တွေလည်း သိပ်များများစားစား မရသလို အခုလည်း သူ့ကို ရောင်းထုတ်ဖို့ စီစဉ်လာချိန်မှာ ယူရို သန်း(၆၀) ပြန်ရမှ ရောင်းထုတ်မယ်လို့ သတ်မှတ်လာခဲ့ပါတယ်။

Manchester United will end the signing of Ugarte

ယူနိုက်တက်ဘက်ကတော့ အူဂါတေးအတွက် ယူရို သန်း(၆၀)အထိ သုံးစွဲသွားဖို့ ဆန္ဒမရှိတာကြောင့် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း အဆင်မပြေနိုင်တော့တာမို့ ယူနိုက်တက်က အူဂါတေးကို ခေါ်ယူမယ့် ကိစ္စကို အဆုံးသတ်ပြီး တခြားသော ကွင်းလယ်ကစားသမားတွေကို ဆက်လက် ကြိုးပမ်းဖို့ ရှိနေပါတယ်။

ယူနိုက်တက်နဲ့ သတင်းထွက်နေတဲ့ ကွင်းလယ်ကစားသမားတွေထဲမှာ ဇူဘီမန်ဒီ ၊ ရာဘီအော့ ၊ ဖိုဖာနာ ၊ အမ်မရာဘတ် ၊ ဂျာအို ဂိုးမက်စ်တို့ ပါဝင်နေကြပြီး ကွင်းလယ်ခံစစ်နေရာအတွက် ပိုမို အလိုရှိနေတာဖြစ်လို့ ဇူဘီမန်ဒီနဲ့ ဖိုဖာနာတို့ကို ဦးစားပေး ကြိုးပမ်းလာဖွယ်လည်း ရှိနိုင်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular