spot_img

တစ်သင်းလုံးကို တောင်းပန်စကား ပြောခဲ့တဲ့ ပေါ့ဂ်ဘာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်း တုန်းက ပရီးမီးယားလိဂ် ပွဲစဉ် 19 အဖြစ် ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို အန်ဖီးလ် ကွင်းထဲ သွားရောက် ရင်ဆိုင် ခဲ့ရပြီး 0 – 0 ဆိုတဲ့ ဂိုး မရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့ရ ပါတယ် ။

အဆိုပါ သရေ ရလဒ်ကြောင့် ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယား အဆင့် 1 နေရာကို ဆက်လက် သိမ်းပိုက် ထားနိုင်ခဲ့ ပေမယ့် မန်စီးတီး ၊ လက်စတာ တို့ရဲ့ နိုင်ပွဲကြောင့် လီဗာပူး အသင်း ကတော့ အဆင့် 4 နေရာ အထိ ကျဆင်း သွားခဲ့ရ ပါတယ် ။

myan789
00

အဆိုပါ အင်္ဂလန် ဒါဘီ ပွဲစဉ် မှာတော့ တိုက်စစ် ကစားသမား ကောင်းတွေ ပိုင်ဆိုင် ထားကြတဲ့ လီဗာပူး အသင်းရော ယူနိုက်တက် အသင်းပါ တိုက်စစ်ပိုင်း ပုံစံကောင်း တွေကို မပြသ နိုင်ခဲ့ ကြပဲ ခံစစ် ကစားပုံ ကောင်းမွန်ခြင်းကို အပြိုင်အဆိုင် ပြသ သွားခဲ့ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လီဗာပူး အသင်းထက် စာရင် ဂိုး ဖြစ်နိုင်မယ့် အခွင့်အရေးကောင်း တွေကို ပိုမို ပိုင်ဆိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အလီဆွန် က လက်စွမ်းကောင်း ပြခဲ့တဲ့ အတွက် ဂိုး မရနိုင် ခဲ့ကြ ပါဘူး ။

အဲ့ဒီ ထဲမှာတော့ ညာ တောင်ပံ မှ တစ်ဆင့် ယူနိုက်တက် နောက်ခံလူ အာရွန် ဝမ် ဘစ်ဆာကာ ပေးပို့တဲ့ ဘောလုံး ကို ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ က တစ်ချက် ထိန်းပြီး ဂိုးပေါက် ကန်သွင်းခဲ့ ပေမယ့် ဂိုး မရ ခဲ့တာက ဝေဖန် စရာ ဖြစ်ခဲ့ရ ပါတယ် ။

အဲ့ဒီလို ဝေဖန်သူ တွေထဲ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းလည်း ပါဝင် ခဲ့ပြီး ပေါ့ဂ်ဘာ ဘောလုံး တစ်ချက် ထိန်းလိုက်တာက တစ်ကယ့်ကို ကောင်းမွန် ခဲ့ကြောင်း ၊ ဒါပေမယ့် အဲ့တာကို ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့သင့်ကြောင်း ဝေဖန် ခဲ့ပါ သေးတယ် ။

အကယ်လို့ ယူနိုက်တက် တို့သာ ပေါ့ဂ်ဘာ ရဲ့ ကန်ချက်ကြောင့် ဂိုး ရခဲ့မယ် ဆိုရင် ခါးသီး ပြိုင်ဖက်ကို အနိုင် ရပြီး 6 မှတ် ဖြတ်ထား နိုင်မှာ ဖြစ်တဲ့ အပြင် အန်ဖီးလ် မှာ 67 ပွဲ အထိ ရှုံးပွဲ မရှိခဲ့ သေးတဲ့ လီဗာပူး ရဲ့ စံချိန် ကိုလည်း ရပ်တန့် စေနိုင်မှာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ရွိုင်ကိန်း က အထူး အခွင့်အရေး တစ်ကြိမ်ကို ဖြုန်းတီး ခဲ့တဲ့ ပေါ့ဂ်ဘာ အပေါ် မချိတင်ကဲ ရေရွတ် သွားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် လက်တွေ့ မှာလည်း ဖာဘင်ဟို အရှိန် နဲ့ ပြေးဝင် လာတဲ့ အခါမှာ ပေါ့ဂ်ဘာ အတွက် အခုလို ကမန်းကတန်း ကန်သွင်းလိုက်တာက မမှားဘူးလို့ ဆိုရ ပါ့မယ် ။

ဒါပေမယ့် ပွဲစဉ် ပြီးဆုံး သွားခဲ့တဲ့ အချိန် မှာတော့ ပေါ့ဂ်ဘာ က အသင်း ရဲ့ အဝတ်လဲခန်း ထဲမှာ အသင်းဖော်တွေ အားလုံးကို တောင်းပန် စကား ပြောကြား ခဲ့တယ်လို့ metro သတင်း ဋ္ဌာန က အတည်ပြု ဖော်ပြ သွားခဲ့လိုက် ပါတယ် ။

တစ်ကယ်တမ်း မှာတော့ အဆိုပါ ပွဲစဉ် အတွင်း ပေါ့ဂ်ဘာ ရဲ့ စွမ်းဆောင်ရည် တွေဟာ ကောင်းမွန် ခဲ့ပြီး မကြာခန လူကျွံ နေခဲ့တဲ့ ရပ်ရှ်ဖို့ နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ရဲ့ စွမ်းဆောင်ရည် က တစ်ကယ့်ကို စိတ်ပျက် စရာ ဖြစ်ခဲ့ရ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ အဆိုပါ အဖြစ်အပျက်ကို မေ့ပျောက်လိုက်ဖို့ ပေါ့ဂ်ဘာကို နှစ်သိမ့် ပေးခဲ့ သလို အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား နဲ့ မက် တော်မီနေး တို့ ကလည်း ပြင်သစ် လက်ရွေးစင် ကို စာနာ နားလည်မှု ပေးခဲ့ ကြတယ်လို့ သိခဲ့ရ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular