ရိုးမားအသင်း၏နည်းပြဖြစ်သူ မော်ရင်ဟိုက တစ်ချိန်ချိန်တွင် ဆော်ဒီလိဂ်၌ နည်းပြဖြစ်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
မော်ရင်ဟို(၆၀ နှစ်)သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းတွင် ဆော်ဒီလိဂ်မှ ကလပ်အသင်းတစ်သင်း၏ တန်ဖိုးကြီးမားသည့် ကမ်းလှမ်းမှုတစ်ခုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
သို့သော် မော်ရင်ဟိုက အနာဂတ်၌ ဆော်ဒီလိဂ်တွင် နည်းပြဖြစ်ဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုသည် ရိုးမားအသင်းနှင့် လာမည့်နွေရာသီ၌ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယင်းအချိန်တွင် ဆော်ဒီကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။