spot_img

ဇီဒန်းနှင့် စီရော်နယ်လ်ဒိုအား မိမိအလွန်လေးစားသည်ဟု ဘန်ဇီမာ ဖွင့်ဟ

ရီးယဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာက မိမိအနေဖြင့် အသင်းနည်းပြဟောင်း ဇီဒန်းနှင့် လက်ရှိအချိန်ထိ ဆက်သွယ်ပြောဆိုမှုများရှိကြောင်းနှင့် ဇီဒန်းနှင့် စီရော်နယ်လ်ဒိုမှာ မိမိအလွန်လေးစားသူများဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

”ခင်ဗျားတို့အနေနဲ့ ဘယ်သောအခါမှ ကျွန်တော်နဲ့သူ့ (ဇီဒန်း)ကို နှိုင်းယှဉ်လို့ မရပါဘူး။ ကျွန်တော်ဟာ ဇီဒန်းနဲ့ စီရော်နယ်လ်ဒိုအပေါ် အလွန်လေးစားမှုရှိသူပါ။ သူတို့ (၂)ဦးဆီကနေ ကျွန်တော် အများကြီးသင်ယူခဲ့ရပါတယ်။ ဇီဇူး (ဇီဒန်း)နဲ့ကျွန်တော် အမြဲတမ်းအဆက်အသွယ်ရှိပြီး သူဟာ ကျွန်တော့်ကို အကူအညီပေးနိုင်သူတစ်ဦးပါ”ဟု ပြောကြားခဲ့သည်။

myan789

ဘန်ဇီမာသည် အက်စ်ပန်ညိုအသင်းအား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် လာလီဂါပွဲစဉ်တွင် အသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် ယခုရာသီလာလီဂါပြိုင်ပွဲတွင် ၎င်း၏ဂိုးပါဝင်ပတ်သက်မှုမှာ (၁၆)ဂိုး (၉ ဂိုးသွင်း၊ ၇ ဂိုးဖန်တီး)အထိရှိလာခဲ့ပြီး ရီးယဲလ်အသင်းဖော်ဟောင်း စီရော်နယ်လ်ဒို၏ စံချိန်မှတ်တမ်းတစ်ခုကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိမန်ယူအသင်းတွင်ကစားနေသာ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒိုသည် ၂၀၁၄-၁၅ ရာသီက ရီးယဲလ်အသင်းအတွက် လာလီဂါရာသီအဖွင့်ပွဲစဉ် (၈)ပွဲကစားပြီးချိန်တွင် ဂိုးပါဝင်ပတ်သက်မှု (၁၆)ဂိုး (၁၅ ဂိုးသွင်း၊ ၁ဂိုးဖန်တီး)အထိရှိခဲ့ပြီး (၂၁)ရာစုအတွင်း လာလီဂါပြိုင်ပွဲ၏ ရာသီအဖွင့်ဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမားအဖြစ် စံချိန်တင်ထားခြင်းဖြစ်သည်။

ယခုအခါ ဘန်ဇီမာသည် စီရော်နယ်လ်ဒို၏ စံချိန်မှတ်တမ်းတစ်ခုကို လိုက်မီခဲ့ပြီး ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘဝ အကောင်းဆုံးသော ရာသီအဖွင့် သွင်းဂိုးစွမ်းဆောင်ရည်မှတ်တမ်းလည်း ဖြစ်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular