အေစီမီလန်အသင်းစတားဟောင်း မွန်တာရီက အသင်းဖော်ဟောင်း မိုဗစ်နဲ့ပတ်သက်ပြီး အလုပ်လုပ်ရတဲ့အချိန်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂါနာနိုင်ငံသားဟောင်းဟာ အေစီမီလန်မှာ မိုဗစ်နဲ့အတူ ကစားခဲ့တာဖြစ်ပြီး သူ့ရ့ပြောဆိုမှုတွေနဲ့ပတ်သက်လို့ ဘာပြဿနာမှမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
“ဇလာတန်က လုံးဝခြိမ်းခြောက်တတ်တဲ့သူမဟုတ်ပါဘူး။ သူက ခင်ဗျားဆီကနေ အကောင်းဆုံးကိုပဲ လိုချင်တာပါ။ သူနဲ့အတူတွဲကစားခဲ့တဲ့ပွဲတွေဆိုရင် လွယ်ကူစွာအနိုင်ယူခဲ့ပါတယ်။သူအင်တာမှာကစားတုန်းက ကျွန်တော်ကစားဖို့ စီစဉ်ခဲ့သေးပေမယ့် နောက်ပိုင်းမှာ အေစီမီလန်မှာပဲ လာဆုံခဲ့ကြပါတယ်”လို့ မွန်တာရီက ပြောကြားခဲ့ပါတယ်။
မွန်တာရီက ဇလာတန်ဟာ သူ့ရဲ့မျိုးဆက်တစ်လျှောက်အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးဖြစ်ပြီး ဥရောပတစ်လွှားမှာ ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။ “မိုဗစ်က ထိပ်တန်းကစားသမားပါ။ သူက သူ့ခေတ်သူ့အခါမှာ အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ပါ။ဘောလုံးဒီအော်ဆုမပေးခဲ့တာက သူ့ရဲ့စိတ်ထဲရှိတဲ့အတိုင်းပြောတတ်တဲ့အကျင့်ကြောင့်ပါ။
တစ်ချို့အချိန်တွေမှာ သူတို့မကြားချင်ပါဘူး။ ဒါပေမယ့် မိုဗစ်က အခုလိုမျိုးပဲပြောလေ့ရှိပါတယ်။ ကျွန်တော့်အကြိုက်ဆုံးတိုက်စစ်မှူး ၃ ဦးထဲမှာ အီတူး ၊ အွန်နရီတို့နဲ့အတူ မိုဗစ်လည်း ပါဝင်ပါတယ်”လို့ မွန်တာရီက ထပ်လောင်းပြောကြားခဲ့ပါတယ်။ မိုဗစ်ဟာ ၂၀၂၃ တုန်းက ကစားသမားဘဝကနေအနားယူခဲ့ပြီး လက်ရှိမှာတော့ အေစီမီလန်ရဲ့အကြံပေးအဖြစ် တာဝန်ယူနေပါတယ်။
ဆွီဒင်သားဟာ ကလပ်အသင်းအတွက် ၅၁၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး နိုင်ငံအသင်းအတွက်တော့ ၆၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူလက်ရှိမှာတော့ မိုဗစ်တစ်ယောက် အမေရိကန်စတားတွေဖြစ်တဲ့ ပူလီဆစ် ၊ မူဆက်ချ်တို့နဲ့ အလုပ်တွဲလုပ်နေပြီး ဝေါ်လ်ကာကိုလည်း ထပ်မံခေါ်ယူထားခဲ့ပါတယ်။