ဒေါ့မွန်နှင့် မန်ယူအသင်းတို့သည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တောင်ပံကစားသမားနှစ်ဦးဖြစ်သည့် မာလန်းနှင့် ဆန်ချိုတို့ကို အလဲအထပ်ပြုလုပ်ဖွယ်ရှိနေကြောင်း သိရသည်။
မန်ယူအသင်းသည် နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေသည့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ရောင်းထုတ်ရန်စီစဉ်နေပြီး ဒေါ့မွန်အသင်းမှ နယ်သာလန်တောင်ပံကစားသမား မာလန်းကို ပြန်လည်အစားထိုးခေါ်ယူရန် ဆန္ဒရှိနေသည်။
မာလန်းကလည်း ၎င်း၏ အိပ်မက်ဖြစ်သော ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ပြောင်းရွှေ့ကစားရန် လိုလားနေသောကြောင့် ဒေါ့မွန်အ သင်းက ကစားသမားဟောင်း ဆန်ချိုနှင့် မာလန်းကို အလဲအထပ်ပြုလုပ်ရန် စဉ်းစားလာခြင်းဖြစ်ကြောင်း သိရသည်။
ဆန်ချိုသည် မန်ယူအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း ဒေါ့မွန်အသင်းတွင် ပရိသတ်အချစ်တော် ကစားသမားတစ်ဦးဖြစ်ခဲ့သောကြောင့် ဒေါ့မွန်အသင်းက ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေသည်။
သို့သော် ပြောင်းရွှေ့ကြေးမြင့်မားစွာ ပေးချေရမည့်အခြေအနေကြောင့် အငှားဖြင့် ခေါ်ယူရန်သာ ရည်ရွယ်ထားခြင်းဖြစ်သော်လည်း ယခုအခါ မာလန်းနှင့် အလိုက်ပေး၍ အလဲအထပ်ပြုလုပ်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။
ဒေါ့မွန်အသင်းသည် ဆန်ချိုအတွက် မာလန်းနှင့် ယူရို(၃၅)သန်းဝန်းကျင် ပေးချေရဖွယ်ရှိကြောင်း၊ အပြောင်းအရွှေ့အတွက် ဆန်ချို၏ အဆုံးအဖြတ်က အဓိကကျဖွယ်ရှိကြောင်း Bild က သုံးသပ်ခဲ့သည်။