spot_img

ဇန်နဝါရီတွင် ထွက်ခွာခွင့်ပြုရန် မာစီယဲလ် တောင်းဆိုထားသော်လည်း စိတ်ဝင်စားသည့်အသင်းမရှိသေးဟု ရန်းနစ် အတည်ပြု

မန်ယူအသင်းယာယီနည်းပြ ရန်းနစ်က တိုက်စစ်ကစားသမား မာစီယဲလ်အနေဖြင့် ဇန်နဝါရီတွင် ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားသော်လည်း စိတ်ဝင်စားသည့်အသင်း မရှိသေးကြောင်း အတည်ပြုပြောကြားသည်။

ပြင်သစ်လက်ရွေးစင်ကစားသမားဖြစ်သူ မာစီယဲလ်သည် မန်ယူအသင်း၌ ပုံမှန်ပွဲကစားခွင့်မရဘဲ ရုန်းကန်နေရပြီး ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် နှစ်ပွဲနှင့် လူစားဝင်အဖြစ် ငါးပွဲသာ ကစားခွင့်ရကာ တစ်ဂိုးသွင်းယူထားသည်။

myan789

သို့ဖြစ်ရာ ၎င်း၏အေးဂျင့်ဖြစ်သူက မိမိကစားသမားအနေဖြင့် ဇန်နဝါရီတွင် ထွက်ခွာခွင့်ရရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားထားသလို ရန်းနစ်ကလည်း ၎င်း၏အပြောင်းအရွှေ့သတင်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

”ကျွန်တော် သူနဲ့ စကားတွေအများကြီး ပြောဖြစ်ပါတယ်။ သူက မန်ချက်စတာယူနိုက်တက်မှာ လွန်ခဲ့တဲ့ခုနစ်နှစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး အခုအချိန်က အပြောင်းအလဲလုပ်သင့်တဲ့အချိန်လို့ ခံစားနေရတယ်ဆိုပြီး ရှင်းပြတယ်။ တစ်နေရာရာကိုသွားဖို့ သူ ဆန္ဒရှိနေပါတယ်။ ဒါက နားလည်ပေးလို့ရတဲ့ နည်းလမ်းဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ သူ့ဆန္ဒကို ကျွန်တော် လိုက်လျောပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အသင်းရဲ့အခြေအနေကိုကြည့်ဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ဆီမှာ COVID-19 ပြဿနာတွေ ရှိနေတယ်။ ကျွန်တော်တို့အတွက် ပြိုင်ပွဲသုံးခု ယှဉ်ပြိုင်စရာရှိပါသေးတယ်။ ရည်မှန်းချက်ကြီးကြီးထားထားပြီး တတ်နိုင်သလောက် အောင်မြင်မှုတွေ ရယူချင်ပါသေးတယ်။သူ့ကို စိတ်ဝင်စားနေတဲ့အသင်း မရှိသေးပါဘူး။ ဒါက ကစားသမားအတွက်တင်မဟုတ်ဘဲ အသင်းရဲ့ အကျိုးစီးပွားအတွက်လည်း ပြန်ကြည့်ရပါမယ်”ဟု ရန်းနစ်က ဆိုသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular