spot_img

ဇန်နဝါရီတွင် ငွေကြေးသုံးစွဲကာ ကစားသမားသစ်များခေါ်ယူရန် နယူးကာဆယ် ပြင်ဆင်နေပြီး ချယ်လ်ဆီး၊ မန်စီးတီးတို့နှင့် နှိုင်းယှဉ်၍ Daily Mail ဖော်ပြ

ယူးကာဆယ်အသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ငွေကြေးများစွာသုံးစွဲကာ ကစားသမားသစ်များကိုခေါ်ယူရန် ပြင်ဆင်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

နယူးကာဆယ်အသင်းအား ပြီးခဲ့သည့်ရက်ပိုင်းက ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော Public Investment Fund(PIF) ပါဝင်သည့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တစ်ဖွဲ့က ဝယ်ယူခဲ့သည်။

myan789

နယူးကာဆယ်အသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်ပွဲစဉ်(၇)ကစားပြီးချိန်၌ နိုင်ပွဲတစ်ပွဲမှမရသေးဘဲ အမှတ်ပေးဇယား အဆင့် (၁၉)နေရာတွင် ရပ်တည်နေသောအသင်းဖြစ်ပြီး အသင်းပိုင်ရှင်သစ်များက အသင်းကို ငွေကြေးများစွာသုံးစွဲပြီး ပြင်ဆင်ရန် စီစဉ်နေကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ယခင်က ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုနှင့်ဝေးကွာနေသော ချယ်လ်ဆီး၊ မန်စီးတီးအသင်းတို့ကို လက်ရှိအသင်းပိုင်ရှင်များ ဝယ်ယူခဲ့စဉ်အချိန်က ငွေကြေးသုံးစွဲမှုနှင့် ပြန်လည်နှိုင်းယှဉ်၍ Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းအား ၂၀၀၃ ခုနှစ်တွင် ရုရှားသူဌေး အေဘရာမိုဗစ်ချ်က ဝယ်ယူခဲ့ပြီး ပထမဆုံးအပြောင်းအရွှေ့ ရာသီတွင် ပေါင်(၁၁၃)သန်းအထိ သုံးစွဲခဲ့သည်။

ထိုစဉ်က အေဘရာမိုဗစ်ချ်သည် ဒါမီယန်ဒပ်ဖ်၊ ဗာရွန်၊ မူတူး၊ ဂျိုးကိုးလ်၊ ၀ိန်းဘရစ်ချ်၊ ခရက်စ်ပို၊ မက်ခီလီလီအစရှိသော ကစားသမားများအပါအဝင် ကစားသမားသစ် (၁၃)ဦးအား ၂၀၀၃ ခုနှစ် နွေရာသီအပြောင်း အရွှေ့ကာလတစ်ခုအတွင်း ဝယ်ယူဖြည့်တင်းခဲ့ပြီး အချိန်တိုအတွင်း သူ့အသင်းကို အသင်းကြီးတစ်သင်းဖြစ်လာစေခဲ့သည်။

သူဝယ်ယူခဲ့ပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းမှာ (၁၈)နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား(၅)လုံး၊ ချန်ပီယံလိဂ်ဖလား (၂) လုံး၊ ယူရိုပါလိဂ်ဖလား(၂)လုံး၊ FA ဖလား (၅)လုံး၊ လိဂ်ဖလား(၃)လုံး ၊ ဥရောပစူပါဖလား (၁)လုံး ရယူနိုင်ခဲ့ပြီး အေဘရာမိုဗစ်ချ်၏ ငွေကြေးသုံးစွဲမှုများမှာ အသင်းအတွက် အောင်မြင်မှုများဖြစ်ပေါ်စေခဲ့သည်။

မန်စီးတီးအသင်းမှာလည်း ၂၀၀၈ ခုနှစ်တွင် ယူအေအီးစော်ဘွားများလက်အောက်သို့ ကျရောက်ခဲ့ပြီး အသင်းမှာ အချိန်တိုအတွင်း များစွာပြောင်းလဲခဲ့သည်။

သို့ သော် မန်စီးတီးအသင်းပိုင်ရှင်များအနေဖြင့် ၎င်းတို့ဝယ်ယူပြီးနောက်ပိုင်း ပထမဆုံးအပြောင်းအရွှေ့ရာသီတွင် ပေါင်(၄၅)သန်းကျော်သာ သုံးစွဲခဲ့ကြသည်။

မန်စီးတီးအသင်းသည် ၂၀၀၉ ဆောင်းရာသီအပြောင်းအရွှေ့ကာလ၌ ၀ိန်းဘရစ်ချ်၊ ဘယ်လာမီ၊ ဒီယွန်း၊ ရှေးဂစ်ဗင်း အစရှိသော ကစားသမား (၄)ဦးအတွက် ပေါင် (၄၅.၉)သန်းသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နယူးကာဆယ်အသင်းပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ ကြွယ်ဝချမ်းသာမှုကြောင့် ငွေကြေးများစွာသုံးစွဲကာ အသင်းအားပြင်ဆင်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး၊ ပေါင်သန်း(၂၀၀)ခန့် သုံးစွဲသွားမည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular