မန်ချက်စတာယူနိုက်တက်အသင်းသည် နည်းပြ ဆိုးလ်ရှားကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့သည်။
မန်ချက်စတာယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဖလားလက်မဲ့ဖြစ်ခဲ့သော်လည်း အသင်းတာဝန်ရှိသူများက ဆိုးလ်ရှား၏ စွမ်းဆောင်ရည်ကို ကျေနပ်သည့်အတွက် (၃)နှစ်သက် တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
မန်ချက်စတာယူနိုက်တက်အသင်းသည် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် ဆိုးလ်ရှားကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးရန် မကြာမီ ကမ်းလှမ်းသွားမည်ဖြစ်ပြီး နွေရာသီ၌ ကစားသမားသစ် အနည်း ဆုံး(၄)ဦး ခေါ်ယူအားဖြည့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။