spot_img

ဆာလီဘာနှင့်ဇင်ချန်ကိုတို့ အာဆင်နယ်၏လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲစလုံးကို လွဲချော်မည်

အာဆင်နယ်သည် လာမည့်တနင်္ဂနွေနေ့တွင် ဘရိုက်တန်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို အိမ်ကွင်းတွင် ကစားရရန်ရှိနေသည်။ အဆိုပါပွဲစဉ်တွင် အာဆင်နယ်၏နောက်တန်းတွင် အဓိက ကစားသမားများဖြစ်ကြသော ဆာလီဘာနှင့် ဇင်ချန်ကို တို့ပါဝင်နိုင်မည်မဟုတ်ချေ။

အာဆင်နယ်သည် ဘောလုံးရာသီတစ်လျှောက်လုံးလိုလို ဇယားထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့သည်။ သို့ရာတွင် ပြီးခဲ့သည့် သီတင်းပတ်များတွင် မန်စီးတီး၏ကျော်တက်ခြင်းကို ခံရကာလက်ရှိအချိန်တွင် တန်းစီဇယား၌ မန်စီးတီးထက်တစ်ပွဲပိုကစားပြီး တစ်မှတ်လျော့ကာ ဒုတိယနေရာတွင် ရပ်တည်နေသည်။ အာဆင်နယ်သည် ပရီးမီးယားလိဂ်ကစားရန် နောက်ထပ်သုံးပွဲကျန်နေသေးသည်။

myan789

ဘယ်အစွန်ခံစစ်မှူးဇင်ချန်ကိုသည် နယူးကာဆယ်နှင့်ကစားသည့်ပွဲတွင် ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဇင်ချန်ကိုအနေဖြင့် လက်ကျန်ပွဲစဉ်သုံးပွဲစလုံးကို အဆိုပါဒဏ်ရာကြောင့် လွဲချော်ဖွယ်ရှိသည်။ ဇင်ချန်ကို မပါဝင်နိုင်လျှင် ၎င်း၏နေရာတွင် တီယာနေးက ဝင်ရောက်ကစားဖွယ် ရှိသည်။

ဆာလီဘာသည် မတ်လလယ်ကတည်းက စပို့တင်းနှင့်ကစားသည့်ပွဲတွင် ကျောအောက်ပိုင်းဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်။ ဆာလီဘာ၏ဒဏ်ရာသည်လည်း မျှော်လင့်သည်ထက်ပို၍ ပြင်းထန်နေပြီး လက်ကျန်ပွဲစဉ် ၃ ပွဲကိုကစားနိုင်မည်မဟုတ်ချေ။

ဆာလီဘာသည် များစွာကစားချင်နေပြီး အာဆင်နယ်အသင်းကလည်း ၎င်းကို ကစားခွင့်ပေးလိုသော်လည်း ဒဏ်ရာအကင်းမသေမီ ထပ်ကစားလိုက်လျှင် ရှိရင်းစွာဒဏ်ရာက ပိုမိုဆိုးဝါးသွားနိုင်ခြင်းကြောင့် လက်ကျန်ပွဲများတွင် ၎င်းကို အသုံးပြုမည့် အခြေအနေမရှိဖြစ်နေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular