ဘောလုံးသုံးသပ်သူအဖြစ် လုပ်ကိုင်နေသော လီဗာပူးလ်ကစားသမားဟောင်း ဒန်နီမာဖီက ဆာလာ အသင်းမှထွက်ခွာ ဖြစ်ခဲ့လျှင် ပရိသတ်များက အပြစ်မတင်သင့်ကြောင်း သုံးသပ်ခဲ့သည်။
ဆာလာသည် AS သတင်းစာနှင့် အင်တာဗျူးတွင် အသင်းမှ ထွက်ခွာနိုင်ခြေရှိသည့်စကားများ အရိပ်အမြွက်ဖြေကြားခဲ့၍ အနာဂတ်လှုပ်ခတ်သည့်သတင်းများ ထွက်ပေါ်နေသည်။
မာဖီက “ဆာလာလုပ်ခဲ့တဲ့ အင်တာဗျူးကြောင့် သူ့ကို ပရိသတ်တွေက မကျေမချမ်းမဖြစ်သင့်ပါဘူး။ သူက အနာဂတ် ကို အာမမခံဘူးဆိုတဲ့သဘောပဲ ပြောခဲ့တာပါ။ ပြောင်းခဲ့မယ်ဆိုလည်း သူ့အမြင်ကို နားလည်ပေးသင့်ပါတယ်”ဟု ဆိုခဲ့သည်။
ဆာလာသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၃ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။