လီဗာပူးလ်အသင်းသည် အီဂျစ်တိုက်စစ်မှူး ဆာလာအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုကို ရွှေ့ဆိုင်းထားကြောင်း Daily Star သတင်းစာက ဖော်ပြခဲ့သည်။
လီဗာပူးလ်အသင်းအနေဖြင့် ဆာလာအား စာချုပ်သစ်ချုပ်ရန်ထက် အခြားဦးစားပေးလုပ်ဆောင်ရမည့်ကိစ္စရပ်များရှိနေကြောင်း Daily Star က ဖော်ပြခဲ့သည်။
ဆာလာအားခေါ်ယူရန် စပိန်အသင်းကြီးများဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်နေလျက်ရှိသည်။
ဆာလာကလည်း ရီးယဲလ်အသင်းတွင် ကစားလိုကြောင်း AS သတင်းစာနှင့်အင်တာဗျူးတွင် အရိပ်အမြွက်ပြောကြားထားသည်။
သို့သော် ဆာလာ၏လက်ရှိစာချုပ်သက်တမ်း မှာ ၂၀၂၃ ခုနှစ် ဇွန်လအထိရှိနေခြင်းကြောင့် လီဗာပူးလ်အသင်းသည် အခြားသောကစားသမားများကိုသာ စာချုပ်သစ်ချုပ်ရန် ပိုမိုအာရုံစိုက်နေကြောင်း သိရသည်။
ဆာလာသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုးပေါင်း (၁၇) ဂိုး သွင်းယူပေးထားသည်။